Episode-2

388 47 4
                                    

(Unicode)

ဟင်း~~~~

မနေနိုင်စွာသက်ပြင်းချလိုက်ရင်း တဖက်သို့လှည့်လိုက်ပြန်သောJungwon။ ညနက်နေပြီဖြစ်သော်ငြား သူအခုထိအိပ်၍မရသေး။ နေ့ခင်းတုန်းကအဖြစ်ပျက်က အခုထိသူ့ခေါင်းထဲတဝဲလည်လည်နှင့် မေးခွန်းများဆက်တိုက်ထုတ်ပေးနေဆဲ။

ထိုသူသည်မည်သူနည်း???
ဤနေရာအားမည်သည့်နည်းနှင့်ဝင်ရောက်နိုင်ခဲ့သနည်း???
သူတို့အားမည်ကဲ့သို့သိနေသနည်း???
Heeseungနှင့်မည်ကဲ့သို့ပတ်သက်နေသနည်း???
Wonwonနှင့်ရောမည်ကဲ့သို့ပတ်သက်နေသနည်း???

သူ့ခေါင်းထဲမေးခွန်းတို့သာ ပို၍ပို၍တိုးလာသည်၊ အဖြေကတော့ထွက်မလာခဲ့။

သူဂနာမ​ငြိမ်ဖြစ်နေသည်မှာကြာလာလေတော့ ဘေးနားရှိJayပင်နိုးလာတော့သည်။

"Jungwonဘာဖြစ်နေတာလဲ၊ မအိပ်သေးဘူးလား"

"ကျွန်တော်အိပ်မပျော်ဘူး"

"ဘာဖြစ်လို့လဲ"

Jayမှအမေးရှိလာလေတော့ Jungwonထထိုင်၍ သူကြုံတွေ့ခဲ့ရသည်အားပြောပြလိုက်သည်။ Jayလည်းထထိုင်၍ ဂရုတစိုက်နားထောင်ပေးပါသည်။

"အဲ့ဒါပြီးတော့ မင်းတောထဲကိုသွားရှာကြည့်သေးလား"

အစအဆုံးတိတ်တဆိတ်နားထောင်ပြီးနောက် Jay၏ပထမဆုံးသော အမေးစကား။

"ရှာကြည့်တယ်ဦးလေးကြီး။ DaeunလေးကိုNi-Kiတို့နဲ့ပြန်လွှတ်လိုက်ပြီး ကျွန်တော်တောထဲသွားရှာကြည့်သေးတယ်။ ဘယ်သူ့ကိုမှမတွေ့ခဲ့ဘူး"

"ဒီတောပတ်လည်ကအကာကွယ်က Heeseung hyungလုပ်ပေးထားတာ။ ဒီအကာကွယ်အတွင်းတခုခုဖြစ်ရင် သူသိမှာပဲ။ မနက်ကျသူ့ကိုမေးကြည့်ရင်ရော်"

"ဖြစ်ပါ့မလားဗျ"

"ဘာကိုလဲ"

"သေချာမပြောတတ်ပင်မဲ့ ဒီကိစ္စHeeseung hyungကိုမပြောတာကောင်းမယ်လို့ ကျွန်တော်ခံစားမိနေတယ်"

Jayဘာမှပြန်မပြောတော့ပါပဲ Jungwonအကြံကိုလက်ခံလိုက်သည်။ ကျန်သည့်အရာများထက် Jungwon၏စိတ်ခံစားချက်တို့သည် အမြဲမှန်တတ်သည်မဟုတ်လား။

"ဒါဆိုဒီလိုလုပ်။ မနက်ဖြန်တောထဲကို hyungနဲ့ပါအတူထပ်ရှာကြည့်ကြမယ်။ ဘာမှမတွေ့ဘူးဆိုရင် ညကျမြို့ထဲသွားပြီး လူစိမ်းဘာညာတွေ့လားစုံစမ်းကြရအောင်။ ကျန်တဲ့သူတွေကိုတော့ဘာမှမပြောနဲ့ဦး။ Daeunလေးလည်းရှိနေတော့ စိုးရိမ်လွန်နေကြမယ်"

Eternity(Season-2)Where stories live. Discover now