Episode-13

287 45 4
                                    

(Unicode)

"ကျွန်တော်Wonwonပါ Jake hyung"

စကားလုံးများသည် နားလည်ရန်ထိုမျှမခက်ခဲ။ ရှုပ်ထွေးနေသည်လည်းမဟုတ်။ သို့သော် နားမလည်သည့်စကားများအားကြားလိုက်ရသလို အခန်းတွင်းရှိမည်သူတဦးတယောက်မှ ပြန်မတုံ့ပြန်နိုင်ကြ။ အဆုံးစွန်ဆုံး Ni-Kiပင်ပါးစပ်အဟောင်းသားဖြစ်နေမိသည်။ Jakeတို့ဆိုလျှင် လှုပ်တောင်မလှုပ်နိုင်လေတော့။

အားလုံးငြိမ်နေသည့်ကြား Minjaeတယောက်သာ ဖြည်းဖြည်းချင်းရှေ့တိုးလာလေသည်။

"သူကဒီကောင်လေးကို အိပ်ပျော်သွားအောင်လုပ်ပေးလိုက်တော့ ဒီခန္ဓာကိုယ်ကိုယူဖို့အဆင်ပြေသွားတယ်"

ခေါင်းစွတ်နှင့်တစိမ်းအား လှမ်းကြည့်ကာပြုံးရင်းပြောလာသောMinjae။ မည်သူမှဘာတခွန်းမှမတုံ့ပြန်မိ။ ထိုစဥ်

"မတွေ့တာကြာပြီနော်Wonwon"

ဘာမှမထူးဆန်းသည့်အလား၊ မတွေ့ရသည်မှာကြာပြီဖြစ်သောမိတ်ဆွေအားနှုတ်ဆက်နေသည့်အလား အေးအေးဆေးဆေးပင်နှုတ်ဆက်လာသူက နှစ်ယောက်မရှိသောHeeseungပင်။ အားလုံးHeeseungအား လှည့်ကြည့်မိကြသည်။

"မတွေ့ရတာကြာပြီနော် ကျွန်တော့်ရဲ့Heeseung hyung"

"ဒီလောက်ကြာပြီးမှပြန်လာတာ​ဆိုတော့ hyungကိုမကျေနပ်လို့ လက်စားလာချေတာလား"

"Hyungအရင်က အခြားသူတွေကိုကာကွယ်ပေးခဲ့သလို ကျွန်တော်လည်းကာကွယ်ပေးဖို့ ပြန်လာရုံပါ"

"မင်းက...အဟက်...မင်းကဘာလုပ်နိုင်မှာမို့လို့လဲ"

"စမ်းကြည့်မလား"

အပြန်အလှန်ပြောနေကြသော Heeseungနှင့်Minjaeတဖြစ်လဲWonwonကြား ကျန်သည့်သူများမှာ ခေါင်းတွေလည်ကုန်ရပြီ။ Heeseungအားကြည့်လိုက် Minjaeအားလှမ်းကြည့်လိုက်နှင့်။

"နေ...နေဦး...မင်း...မင်းတကယ်ပဲWonwonလား"

Jakeမယုံကြည်နိုင်စွာ တုန်တုန်ရီရီနှင့်မေးလိုက်လေတော့ Minjaeတဖြစ်လဲWonwonသည် တောက်ပစွာပင်ပြန်လည်ပြုံးပြလာပါသည်။

"ကျွန်တော်Wonwonပါဗျ။ ဒါနဲ့လေhyung ကျွန်တော့်တူမလေးက အရမ်းအရမ်းကိုချစ်ဖို့ကောင်းတာနော်။ ကျွန်တော်ဆိုကြည့်ရင်း ဆွဲဖက်ပစ်ချင်တာတအားပဲ"

Eternity(Season-2)Where stories live. Discover now