Episode-20

315 47 8
                                    

(Unicode)

သာယာလှပသောနေရာလေးမဟုတ်။

ပျော်ရွှင်စရာအခြေနေလည်းမဟုတ်။

သို့သော် ကြည်နူးစရာအခိုက်တန့်လေးကိုတော့ သူတို့အားလုံးပိုင်ဆိုင်ထားကြပါသည်။

မမြင်ရသေးသော သားသားလေး သို့မဟုတ် မီးမီးလေး ၊ တူလေး သို့မဟုတ် တူမလေးအတွက်အားလုံးရင်ထဲကြည်နူးစိတ်က အပြည့်အဝနေရာယူလျက်။

သို့သော် အချိန်တွေသည်ရပ်တန့်မနေလေတော့ လုပ်စရာရှိသည်ကိုတော့ဆက်၍လုပ်ရဦးမည်။ ဒါမှသာ မွေးဖွားလာမည့်ရင်သွေးလေးအား သာယာအေးချမ်းသောအခြေအနေလေးနှင့် ဝမ်းပမ်းတသာကြိုဆိုနိုင်မည်ကိုး။

Jakeလည်းကြည်နူးစွာရပ်ကြည့်နေရာမှ Ni-Kiနှင့်Sunooအနားသွားလိုက်ကာ Ni-Kiပခုံးလေးအား အသာယာကိုင်လိုက်တော့သည်။ ထိုအခါ Sunooအားရင်ခွင်ထဲထည့်ထားလျက်နှင့် Ni-Kiလှည့်ကြည့်လာပါသည်။

"Hyung"

"Ni-Ki မင်းSunooအတွက်တွေးပြီး Sunooကိုပြန်​ပြောင်းလဲပေးချင်တာ hyungနားလည်ပါတယ်။ ဒါပင်မဲ့ အခုကအခြေနေမတူတော့ဘူး။ မင်းထည့်စဥ်းစားရမဲ့မင်းတို့ရင်သွေးလေးရှိနေပြီနော်"

"Hyungပြောခဲ့တယ်လေ၊ ကျွန်တော်ရွေးချယ်ရမယ်ဆိုတာ။ အဲ့ဒါဘာကိုဆိုလိုချင်တာလဲ"

"Sunooသာလူသားအဖြစ်ပြန်ပြောင်းလဲမယ်ဆိုရင် သူ့ရဲ့ခန္ဓာကိုယ်အတွင်းပိုင်းဖွဲ့စည်းမှုတွေ၊ သွေးသားတည်ဆောက်ပုံတွေ အကုန်ပြောင်းလဲကုန်မှာဖြစ်လို့ အဲ့လိုပြောင်းလဲမှုတွေအတွင်းမှာ မင်းတို့ရင်သွေးလေးအန္တာရာယ်ကင်းမယ်လို့ hyungမထင်ဘူး"

"ဗျာ!"

Jake၏ပြောပြချက်သည် SunooရောNi-Kiရောကိုပါ တုန်လှုပ်စေသည်ကတော့အမှန်ပင်။ အံ့သြစရာကောင်းစွာရရှိလာသော ဤလက်ဆောင်မွန်လေးအား သူတို့နှစ်ယောက်စလုံးအထိခိုက်မခံနိုင်ပေ။ ထို့ကြောင့် Sunooချက်ချင်းပင် Ni-Kiလက်လေးအားဆွဲကိုင်၍ မျက်နှာချင်းဆိုင်စေလိုက်ကာ စကားစလိုက်တော့သည်။

"Ni-Kiမင်းhyungကိုစိတ်ပူတာသိပင်မဲ့ hyungအတွက်ရင်သွေးလေးကို အန္တာရာယ်ဖြစ်စေမဲ့အလုပ်မျိုးတော့ hyungမလုပ်စေချင်ဘူး။ Hyungတို့လိုသဘာဝလွန်သတ္တဝါတွေနေထိုင်ရတဲ့လောကက အန္တာရာယ်များမှန်းသိပင်မဲ့ မင်းလည်းရှိတယ်၊ hyungတွေလည်းရှိတယ်၊ ဘာမှစိတ်ပူစရာမလိုပါဘူး။ ပြီးတော့ hyungကိုယ်hyungလည်း ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် မင်းလုပ်နေတာကိုရပ်လိုက်ပါတော့နော်"

Eternity(Season-2)Hikayelerin yaşadığı yer. Şimdi keşfedin