Episode-24

289 39 6
                                    

(Unicode)

အချိန်သည်တော့ လွန်ခဲ့သည့်နှစ်ရာချီ သူတို့အားလုံးသာမန်လူများဖြစ်ခဲ့စဥ်က...

"Wonwonကိုယ့်ကိုဘာပြောစရာရှိလို့လဲ"

ခရီးဦးမဆိုက် ဆိုင်ထဲရောက်ရောက်ချင်း Heeseungအလောတကြီးမေးလိုက်မိသည်။ လွန်ခဲ့သည့်လတွေ့ခဲ့စဥ်က ချစ်ရသူမျက်နှာသည်သိပ်မကောင်းလေတော့ သူတစ်လလုံးစိတ်ပူနေခဲ့ရသည်လေ။

"ဖြည်းဖြည်း ဖြည်းဖြည်းhyung။ အမောပြေဖျော်ရည်လေးအရင်သောက်လိုက်ဦး"

Wonwonအပြုံးလေးနှင့်ပဲ ခွက်လေးအားရှေ့တိုးပေးလိုက်တော့ HeeseungပြုံးကာWonwonပါးလေးအား အသာဆွဲဖဲ့လိုက်ပါသည်။

"လိမ္မာလိုက်တဲ့ကိုယ့်ကလေးလေး"

ပြောပြီးနောက် Heeseungဖျော်ရည်အားတငုံမော့လိုက်မိသည်။ ချစ်ရသူကြောင့်လားမသိ၊ အမောပန်းများပြေသွားသလိုပင်။ ထို့နောက်တွင်မှ

"ကဲပြောပါဦး...ကိုယ့်ကိုခေါ်တာဘာပြောမလို့လဲ"

"Hyungအခုကျွန်တော်ပြောမဲ့အရာကို လန့်မသွားပဲသေချာနားထောင်နော်"

အတည်ပေါက်မျက်နှာလေးနှင့်ပြောလာသောWonwonကြောင့် Heeseungခါင်းငြိမ့်ပြလိုက်ကာ Wonwonပြောလာမည့်စကားအား နားထောင်နေလိုက်ပါသည်။

"ကျွန်တော်မကြာခင်သေရတော့မယ်တဲ့hyung၊ ကျွန်တော့်မှာရောဂါရှိနေပြီ"

"ဘာ!!!"

Heeseungထိတ်လန့်တကြားအော်မိကာ နေရာမှထလျက်မိသားဖြစ်သွားရသည်။ ထိုအခါ Wonwonလည်းအလျင်အမြန်ပင် Heeseungလက်အားဆွဲ၍ ပြန်ထိုင်စေတော့သည်။

"စိတ်အေးအေးထားပါhyungရယ်။ ကျွန်တော်ပြောတာဆုံးအောင်နားထောင်ပါဦး"

"​ဒါ...ဒါပင်မဲ့..."

"ကျွန်တော်အသက်ရှင်နိုင်မဲ့နည်းလမ်းတခုတော့ရှာတွေ့ထားပါတယ်"

တုန်လှုပ်စရာသတင်းကြောင့်တုန်လှုပ်နေမိသောHeeseung Wonwonအပြောကြောင့် အားကိုးတကြီးကြည့်မိတော့သည်။

"တကယ်လား...ဘာနည်းလမ်းလဲ"

"ကျွန်တော်တို့ကိုမွေးစားခဲ့တဲ့လူကြီးကိုမှတ်မိတယ်မှတ်လား"

Eternity(Season-2)Where stories live. Discover now