Episode-14

290 40 9
                                    

(Unicode)

ရှုပ်ထွေးမှုများစွာနှင့် အေးစက်စက်လေထုကသာ အခန်းတွင်းနေရာယူထားလေသည်။ ကိုယ့်ပြသနာနှင့်ကိုယ်ရှုပ်လှပြီထင်ထားသော်လည်း ပို၍ရှုပ်ရသည့်အပြိုင်ကမ္ဘာမှဆိုသူများပါပေါ်လာလေတော့ လက်ရှိအခြေအနေအားလိုက်မှီရန် Jungwonတို့မနည်းကြိုးစားနေရပါသည်။

"ဖြစ်နေတာတွေကများလွန်းတော့ ဘယ်ကစရှင်းရပါ့"

အခန်းတွင်းရှိသမျှသူအားလုံးအား ခြုံငုံကြည့်လိုက်ရင်း Jungwonတီးတိုးရေရွတ်မိတော့သည်။ အမှန်တကယ်ပင် အခြေအနေများသည်ရှုပ်ထွေးနေသည်ကိုး။

"ကိုယ့်ပြသနာကိုယ်အရင်ရှင်းရင်ဘယ်လိုလဲ"

ရုတ်တရက် Jungwonအားလှည့်ကြည့်ရင်း အပြုံးလေးနှင့်ပြောလာသည်ကHeeseung။

"Hyungဘာကို..."

"တကယ်တော့လေ hyungတို့ရဲ့အစီစဥ်ကိုစဖို့ အရေးကြီးတဲ့အရာတခုလိုနေသေးတယ်။ သန့်စင်တဲ့ဝိဉာဥ်တခုအပြင် အဲ့ဝိဉာဥ်ကိုနတ်ဘုရားအဖြစ်ပြောင်းလဲပေးနိုင်လောက်တဲ့ စွမ်းအားလည်းလိုသေးတယ်။ ခက်တာက hyungရောသူရောမှာ အဲ့လောက်စွမ်းအားအများကြီးရှိမနေဘူး"

Heeseungအပြောနောက် အပြိုင်ကမ္ဘာမှSunghoonသည်လည်း ခေါင်းလေးခါရမ်းပြလာလေသည်။

"အဲ့အချိန်မှာ hyungစိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းလေးကြားလိုက်ရတယ်။ ဘယ်လိုလဲဆိုရင် ဒီလိုပြောင်းလဲမှုတွေမလုပ်ခင်ကတည်းက Jungwo​nလေးက သာမန်လူတယောက်မဟုတ်ဘူးဆိုတာလေးလေ"

Jungwonအားစိုက်ကြည့်၍ Heeseungပြောလာလေတော့ Jungwonကြက်သီးများထသွားရကာ အနောက်အားအလိုလိုဆုတ်လိုက်မိသားဖြစ်သွားရသည်။ သူ့၏ယခုခံစားချက်တို့သည် မုဆိုးလက်ထဲရောက်နေသော သားကောင်ကဲ့သို့ပင်။

"အဲ့ဒါ hyungရဲ့Jungwonလေးက hyungကိုကူညီပေးနိုင်မလားလို့"

Heeseungစကားအဆုံးတွင်တော့ Heeseungရည်ရွယ်ချက်အား Minjaeတဖြစ်လဲWonwonသဘောပေါက်လိုက်ကာ Jungwonအားစိုးရိမ်တကြီးသတိပေးလိုက်မိသည်။

"Jungwon hyungသတိထား၊ သူကhyungကိုဖမ်းဖို့လုပ်..."

Minjaeတဖြစ်လဲWonwon၏စကားမဆုံးလိုက်။ Jungwonအနောက်သို့ အလျင်မြန်ပင်အရိပ်တခုရောက်လာလေသည်။ Jungwonတုန်လှုပ်စွာပင် သူ့အနောက်မှအရိပ်အားလှည့်ကြည့်လိုက်လေတော့...

Eternity(Season-2)Kde žijí příběhy. Začni objevovat