Episode-26(Final)

566 53 19
                                    

(Unicode)

"ခုံတွေချပြီးပြီလား။ ကိတ်ရောအဆင်သင့်ဖြစ်ပြီလား။ ဘောလုံးတွေရော်စုံရဲ့လား"

မြက်ခင်းစိမ်းပေါ်လျှောက်လာရင်း ဘယ်ညာကြည့်ကာစိုးရိမ်တကြီး ပူပန်စွာမေးနေသောSunoo။ ခုံတွေပြင်ရင်း Jungwonလှမ်းကြည့်ကာရီလိုက်တော့သည်။

"အကုန်ပြီးပါပြီhyungရ။ ဘာမှစိတ်မပူပါနဲ့"

Jungwonလေအေးလေးနှင့် ဖြောင်းဖျပြောလိုက်လေမှ သက်ပြင်းရှည်တခုSunooမှုတ်ထုတ်လိုက်ပါသည်။

"ငါစိတ်တွေလှုပ်ရှားနေတယ်Jungwon။ အရမ်းလည်းရင်ခုန်နေသလိုပဲ"

"ဟော...ဒီပွဲကအမြွှာလေးတွေရဲ့မွေးနေ့ပွဲနော်၊ hyungရဲ့မင်္ဂလာဆောင်မဟုတ်ပါဘူး"

Jungwonရီချင်ချင်မျက်နှာအားထိန်းကာစလိုက်တော့ Sunooခမျမျက်နှာကြီးရဲတက်သွားရတော့သည်။

"Jungwon!!"

Sunooမနေနိုင်စွာအော်လိုက်လေမှ Jungwonလည်းရီမိပါသည်။

"စတာပါhyungရယ်။ ဒါနဲ့hyungက ဘာလို့အဲ့လောက်စိတ်လှုပ်ရှားနေရတာလဲဗျ။ ပုံမှန်ပွဲလေးတပွဲပဲကို"

"မင်းကလည်း အခုပွဲမှာhyungတွေအကုန်လာကြမှာလေ။ အဲ့တော့မတွေ့ရတာကြာလို့လားမသိဘူး၊ ရင်ခုန်နေရောပဲ"

"ဟုတ်သားပဲ၊ hyungတွေလာကြမှာကို ကျွန်တော်မေ့နေတယ်။ Heeseung hyungကလာမယ်တဲ့လား။ အခုသူကဘယ်ရောက်နေတာတဲ့လဲ"

"သူ့ဆီနောက်ဆုံးဖုန်းဆက်ရတုန်းကတော့ အာဖရိကဘက်ရောက်နေတယ်ပြောတယ်။ ဒီပွဲကိုတော့ရောက်အောင်လာပါမယ်တဲ့"

"Jake hyungတို့ကရော် ကျောင်းကအချိန်အဆင်ပြေတယ်တဲ့လား"

"အင်း...ဆောင်းရာသီအားလပ်ရက်နဲ့တိုက်လို့ ရက်အကြာကြီးနေသွားဦးမယ်လို့တောင်ပြောတယ်"

"ကောင်းတာပေါ့ဗျ...အကြာကြီးနေမှအကုန်စုံရတာပဲ"

Jungwonအပြောအား Sunooအပြုံးလေးနှင့်ခေါင်းငြိမ့်ပြလိုက်ပါသည်။ အခုဆိုလျှင် အရာအားလုံးပြီးဆုံးပြီးနောက် အရာရာငြိမ်းချမ်းနေလေပြီဖြစ်သည်။ ထိုနှင့်အတူ သူတို့တွင်လည်းပြောင်းလဲမှုများ အများအပြားဖြစ်ပေါ်ခဲ့သည်လေ။

Eternity(Season-2)Where stories live. Discover now