Episode-3

343 42 10
                                    

(Unicode)

"Jungwonမြန်မြန်လာလေ"

သူ့လက်အားဆွဲ၍ အရှေ့မှပြေးနေသောJay။ မြက်ခင်းစိမ်းလေးပေါ်ဖြတ်တိုက်နေသောလေနုအေးလေးနှင့်အပြိုင် အေးချမ်းလှသောအပြုံးတို့သည် Jayမျက်နှာပေါ်ဖူးပွင့်လို့။ ကောင်းကင်ပေါ်မော့ကြည့်လိုက်လေတော့ ပြာလဲ့လဲ့ကောင်းကင်ကြီးအားနောက်ခံထား၍ အဖြူရောင်တိမ်စိုင်တို့ကြား နေမင်းကြီးကခန့်ခန့်ညားညားနှင့်။ ဦးတည်ရာအားလှမ်းမျှော်ကြည့်လိုက်လေတော့ သူတို့အားလက်လှမ်းပြနေကြသော Jungwonချစ်ရသူများ။ အားလုံး၏မျက်နှာပေါ်တွင်လည်း အပြုံးတွေကိုယ်စီနှင့်။ သိပ်အေးချမ်း၍ပျော်ရွှင်စရာကောင်းလှသည်။

ထိုစဥ် ရုတ်တရက် ပြေးနေရာမှရပ်လိုက်ကာ သူ့လက်အားလွှတ်ချလိုက်ပါသောJay။

"မင်းကငါတို့နဲ့မှမတူတာ။ မင်းနဲ့အတူဆက်ရှိနေဖို့မဖြစ်နိုင်တော့ဘူး"

အေးစက်စက်စကားလုံးများကိုပြောရင်း လှည့်ကြည့်လာသောJayမျက်လုံးတို့သည် ခုနကနှင့်ခြားနားစွာအေးစက်စက်နှင့်။

"ဦး...ဦးလေးကြီး"

သူJayလက်အားကိုင်လိုက်ရန် ကြိုးစားလိုက်သော်ငြား အကိုင်မခံပါပဲရှောင်သွားကာ လှည့်ထွက်သွားသောJay။

"ဦးလေးကြီး...ခ...ခဏ...ဦးလေးကြီး"

သူဘယ်လောက်အော်ခေါ်နေပါစေ Jayမှတချက်ကလေးပြန်လှည့်ကြည့်မသွား။ သူ့ကိုသာကျောခိုင်းလျက် ဝေးသထက်ဝေးအောင်ထွက်ခွာသွားလေပြီ။ ရင်ဘက်ထဲနာကျင်မှုကတဆစ်ဆစ်နှင့်။

"ဦးလေးကြီး!!!"

ထိတ်လန့်တကြားအော်လိုက်မိရင်း ထထိုင်လျက်မိသားဖြစ်သွားသည့်Jungwon။ ဘေးနားရှိJayလည်း အလန့်တကြားဖြစ်သွားရသည်။

"Jungwonကိုယ်ဒီမှာရှိတယ်လေ။ ဘာဖြစ်လို့လဲ...ဘာဖြစ်တာလဲ"

Jungwonနဖူးမှတဒီးဒီးစီးကျနေသောချွေးလေးများအားသုတ်ပေးရင်း Jayစိုးရိမ်တကြီးမေးလိုက်မိသည်။ သူ့ကလေးငယ်အိမ်မက်ဆိုးမက်နေသည်ထင်။

ထိုအခါ ကြောင်အအမျက်ဝန်းများဖြင့် Jayအားလှည့်ကြည့်လာသောJungwon။

Eternity(Season-2)حيث تعيش القصص. اكتشف الآن