Episode-19

350 39 4
                                    

(Unicode)

"ဒီနေရာပဲ"

အရှေ့မှသွားနေသည်အားရပ်ကာ ပီသစွာပြောလာသောအပြိုင်ကမ္ဘာမှHeeseungစကားတို့သည် အားလုံး၏ရင်ထဲတိုးဝင်သွားကာ ခြေလက်တို့အားအလိုလိုအေးစက်သွားစေသည်။ ​မည်သည့်အခက်အခဲပဲကြုံရပါစေ လက်မလျှော့ဟုဆုံးဖြတ်ထားသော်ငြား သူတို့အားစောင့်ကြိုနေမည်က မည်သည့်အရာမှန်းသိမှမသိနိုင်ပါပဲ။ 

"ကျွန်တော်တို့အချိန်ဆွဲနေလို့မဖြစ်ဘူး"

Minjaeတဖြစ်လဲWonwon၏အပြောအား အားလုံးလည်းသဘောတူပါသည်။ ထို့ကြောင့် အချိန်ဆွဲမနေတော့ပါပဲ ​ရှေ့တွင်မားမားမတ်မတ်ရပ်တည်နေပါသောနံရံကြီးထဲ တိုးဝင်လိုက်ကြတော့သည်။

ကျောက်သားများ၏အေးစက်စက်အထိတွေ့အား ခဏတာခံစားလိုက်ရပြီးနောက်တွင်တော့ အားလုံးနံရံတဖက်သို့ရောက်သွားလေသည်။ မျက်လုံးတို့အားဖွင့်ကြည့်လိုက်တော့ တဖက်ကမ္ဘာတွင်တွေ့ခဲ့ရသည့်အတိုင်း ကြီးမားကျယ်ပြန့်လွန်းသောခန်းမကြီးထဲရောက်နေကြောင်း မြင်လိုက်ရတော့သည်။ တဖက်ကမ္ဘာနှင့်ယှဥ်လျှင် အနည်းငယ်တော့ပိုမှောင်နေသည်။

"အစကတည်းကဒီလိုသွားလို့ရရင် ငါတို့တိုက်ပေါ်ကခုန်မချခဲ့ပါဘူး"

Sunghoon၏ လှည့်ကြည့်ကာမကျေမနပ်ဆိုလိုက်သံအား အပြိုင်ကမ္ဘာမှHeeseungသည်တော့ ပခုံးလေးတွန့်ပြ၍ပဲ ပြန်တုံ့ပြန်လာပါသည်။

"ခဏနေဦး...ဟိုအရှေ့မှာရှိနေတာဘာတွေလဲ"

Minjaeတဖြစ်လဲWonwon၏ အရှေ့အမှောင်ထဲသို့စိုက်ကြည့်ကာပြောလိုက်သံကြောင့် အားလုံး၏အာရုံသည်လည်း ထိုအမှောင်ဆီရောက်သွားကြသည်။ အရှေ့ပိုတိုးကာသေချာကြည့်လိုက်လေတော့ အမှောင်အားကျင့်သားရလာသည်နှင့်အမျှ သူတို့မြင်လိုက်ရသည်က...

"အဲ့ဒါအစီစဥ်အတွက်ပြင်ထားတဲ့စင်တွေပဲ"

အပြိုင်ကမ္ဘာမှHeeseungပြောသည့်အတိုင်းပင် သူတို့ရှေ့၌ အုတ်ဖြင့်ပြုလုပ်ထားကာ မြင့်မားလွန်းသောစင်ကြီးနှစ်ခုမှာ အ​တူယှဥ်တွဲလျက်ရှိနေလေသည်။ ဘယ်ဘက်မှစင်ပေါ်တွင်တော့ လဲလျောင်းကာငြိမ်သက်နေသောJungwonရှိနေပြီး ညာဘက်မှစင်ပေါ်တွင်တော့ လဲလျောင်းကာငြိမ်သက်နေသောDaeunလေးအား တွေ့လိုက်ရတော့သည်။

Eternity(Season-2)Where stories live. Discover now