Episode-7

285 45 25
                                    

(Unicode)

"Hyungအဆင်ပြေရဲ့လား"

Ni-Kiအသံတိုးတိုးလေးနဲ့မေးလိုက်လေတော့ အိပ်ရာထက်မှခေါင်းငြိမ့်ရင်း ပြုံးပြလာပါသောSunoo။

"ငါကဘာဖြစ်ရမှာလဲကွ၊ အပေါ်ယံလေးပဲခိုက်မိသွားရုံတင်ပါ"

သူ့ကောင်လေးစိတ်ပူနေသည်သိ၍ Sunooပြုံးပြရင်းတက်ကြွစွာပြောလိုက်သော်ငြား Ni-Kiသည်တော့တချက်သာမျက်လုံးလှန်ကြည့်ပြီး ပြန်လည်းပြုံးမပြချေ၊ လုပ်စရာမရှိသည့်လက်က ပြန့်နေသည့်စောင်ကိုသာဖြန့်နေတော့သည်။

"Ni-Kiငါ့ကိုကြည့်"

နှစ်ခါမပြောလိုက်ရ...သူ့မျက်နှာအားမော့ကြည့်လာသောNi-Ki။ ဂျစ်ကန်ကန်သာဆိုးချင်ဆိုးမည်၊ သူ့စကားတော့ထိုကလေးနားထောင်ကြောင်း သူသိပါသည်။

"ငါဘာမှမဖြစ်ဘူးဟုတ်ပြီလား။ အချိန်နဲနဲကြာရင် ဒီဒဏ်ရာတွေလည်းကောင်းသွားမှာပဲ"

"ကျွန်တော်သိပါတယ်။ ဒါပင်မဲ့..."

"ဒါပင်မဲ့..."

ပြောလက်စရပ်သွားသောNi-Kiကြောင့် Sunooပဲစကားဆက်ကြောင်းပေးလိုက်ပါသည်။ ထိုအခါမှ သက်ပြင်းတချက်ချလာသောNi-Ki။ ထို့နောက် ကုတင်ပေါ်ခေါင်းလေးလှဲချ၍ Sunooနှင့်အကြည့်ချင်းဆုံစေလိုက်သည်။

"Hyungခံစားနေခဲ့ရတာကို နှစ်ပေါင်းရာချီပြီး ကျွန်တော်ကြည့်နေခဲ့ရတာ။ အဲ့လိုHyungခံစားနေရတာကို ဘေးကကြည့်နေရပြီး ဘာမှလုပ်မပေးနိုင်တဲ့ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်နေခဲ့ရတာလည်း နှစ်ပေါင်းရာချီလို့ပဲ။ အခုမှ hyungပြန်ကောင်းလာတာသိပ်တောင်မကြာသေးဘူးလေ။ အဲ့ဒါကြောင့် ကျွန်တော့်hyungကို သေးသေးလေးတောင်ထပ်ပြီးမနာကျင်စေချင်တော့ဘူး"

Ni-Kiစကားအဆုံး၌ Sunooလည်းအသာပြုံးလိုက်ကာ Ni-Kiဆံပင်လေးများအား ပွတ်ပေးနေလိုက်သည်။ ထိုအခါလည်း Ni-Kiမျက်စိလေးမှိတ်ထား၍ ငြိမ်သက်စွာခံယူနေပါသည်။

"မင်းခံစားချက်တွေကို hyungနားလည်ပါတယ်။ ဒါပင်မဲ့ hyungကိုလည်းမင်းနားလည်ပေးဖို့လိုတယ်လေ။ Hyungကမင်းကာကွယ်ပေးရမဲ့ကလေးတယောက်မဟုတ်ပဲ အရာရာကိုမင်းနဲ့အတူရင်ဆိုင်သွားမဲ့ မင်းရဲ့ချစ်သူတ​ယောက်ဆိုတာကို မင်းနားလည်ရမယ်လေ"

Eternity(Season-2)Where stories live. Discover now