Episode-9

275 44 16
                                    

(Unicode)

"ငါတို့အိမ်လိုက်ခဲ့မလား"

နှုတ်မှရုတ်တရက်ထွက်သွားမိသောစကားတချို့၊ သတိထားလိုက်မိချိန်တွင်လွန်သွားလေပြီ။

"ဗျာ...ကျွန်တော်လား"

သူ့အပြောတို့နောက် ကြောင်တောင်တောင်နှင့်ပြန်ကြည့်လာသောMinjae။ Jakeဘယ်လိုတောင်ရှင်းပြရမလဲမသိတော့။ Heeseungနှင့်ပတ်သက်၍ သေချာရှင်းရှင်းလင်းလင်းသိချင်သည့်စိတ်ကြောင့် ပြောမိပြောရာပြောထွက်သွားသည်မှာ သူ့ကိုယ်တိုင်တောင်သတိမထားမိလိုက်ဘူးမဟုတ်လား။

"အဲ့Heeseungဆိုတာငါတို့အကိုအကြီးဆုံး။ ဒါကြောင့် မင်းကိုငါတို့အိမ်လိုက်လည်မလားမေးတာ"

Jakeဖြေရှင်းရခက်နေလေတော့ Sunghoonသည်ဝင်ရှင်းပြလာပါသည်။ သူ့အကြည့်တို့သည်တော့ တော့ပုကီလေးဝါးနေသည့် သမီးငယ်Daeunဆီတွင်သာ။

"Heeseung hyungက hyungတို့အကိုလား၊ တကယ်တိုက်ဆိုင်တာပဲ"

"ကြည့်ရဦးမှာပေါ့"

ထိုမျှသာပြန်ပြောမိသောSunghoon။ Minjaeမှကြောင်တောင်တောင်လေးကြည့်လာသော်ငြား Sunghoonပြန်မရှင်းမိ။ တကယ်တော့ သူတို့ဘဝတွင် တိုက်ဆိုင်မှုဆိုသည်ကိုသူမယုံ၊ အရာအားလုံးသည် တစုံတယောက်၏စီစဥ်မှုကြောင့်သာ ဖြစ်လာခဲ့သည်လေ။

"အဲ့ဒါဆို ဘယ်လိုလဲ မင်းhyungတို့အိမ်လိုက်မလား"

Jakeမေးလိုက်တော့ တချက်စဥ်းစားကာ ခေါင်းငြိမ့်ပြလာသောMinjae။

"မနက်ဖြန်ကျွန်တော်ဆိုင်နားရက်၊ ကျွန်တော်မနက်ပိုင်းလာခဲ့လိုက်ပါ့မယ်"

"အင်း...တောအုပ်အစကစောင့်နေပေါ့၊ hyungလာခေါ်ပါ့မယ်"

Jakeပြုံးပြရင်းပြောလိုက်တော့ Minjaeလည်းပြန်ပြုံးပြလာသည်။ ထို့နောက် Minjaeသူတို့အနားမှထွက်သွားလေမှ Sunghoonနှင့်Jakeစကားစမိတော့သည်။

"Heeseung hyungကဒီကောင်လေးကို စိတ်ဝင်စားနေတယ်။ ဒီကောင်လေးကတခုခုထူးခြားနေလို့ပဲဖြစ်မယ်"

Jakeမှစကားစလိုက်လေတော့ Sunghoonလည်းတွေးတွေးဆဆပြန်ပြောလာပါသည်။

"Ethanပြန်ဝင်စားတာများလား"

"မဖြစ်နိုင်ဘူးလို့တော့ ငြင်းလို့မရဘူး။ အကယ်၍ သူသာငါတို့နဲ့ပတ်သက်ဖူးတဲ့သူတယောက် ပြန်ဝင်စားတာဆိုရင် vampireအိမ်ကိုရောက်ရင် တခုခုထူးခြားတာဖြစ်လာမှာပဲ"

Eternity(Season-2)Where stories live. Discover now