Episode-22

305 42 7
                                    

(Unicode)

မျက်စိတဆုံးအဖြူရောင်ပန်းခင်းကြီးကနေရာယူလျက်။ လေယူရာယိမ်းနွဲ့ရင်း အဖြူရောင်ပွင့်ဖက်လေးများ လေထဲတွင်ဝဲပျံကခုန်နေပုံကလည်း တမျိုးချစ်စရာပင်။ သင်းပျံ့ပျံ့ပန်းရနံ့လေးကလည်း စိတ်ကိုတည်ငြိမ်စေ၍ အေးချမ်းခြင်းသဘောကိုဖော်ဆောင်နေပြန်သည်။

"ဦးဦးကသမီးရဲ့ဦးဦးEthanပါ"

အဖြူရောင်ပန်းပွင့်လေးများကိုင်ထားရင်း အေးချမ်းစွာပြုံးပြနေသော အဖြူရောင်ဝတ်စုံလေးနှင့်သူသည် သူ့၏ဦးဦးတဲ့လား၊ Daeunနားမလည်ပေ။

"ဒါပင်မဲ့ ဦးဦးအကြောင်းကို မီးမီးရဲ့ဦးဦးတွေက တခါမှမ​ပြောဖူးပါဘူး"

မယုံကြည်ဟန်မျက်စောင်းလေးဝင့်ကာ စူပုတ်ပုတ်နှင့်ပြောလိုက်သောDaeunကြောင့် Ethanသည်လည်းနှစ်ခြိုက်စွာရီလာပါသည်။

"မီးမီးကဦးဦးကိုမယုံဘူးထင်တယ်"

Ethanအပြောအား ချက်ချင်းပင်ခေါင်းလေးငြိမ့်ကာ အဖြေပြန်ပေးလာပါသောDaeunလေး။ Ethanလည်းရီလျက်ပင် Daeunခေါင်းလေးအားပွတ်ပေးလိုက်၍ လှည့်ထွက်လိုက်သည်။

"လာလေ...ဒီကိုရောက်တုန်း ဦးဦးနဲ့လမ်းလျှောက်ရအောင်"

တည်ငြိမ်အေးချမ်းစွာပြောနေသောEthanစကားတို့အား Daeunလေးမငြင်းတော့ပါပဲ အနောက်မှလိုက်သွားလိုက်သည်။

"ဦးဦးကမီးမီးရဲ့ဦးဦးတွေထက်အသက်ပိုကြီးတယ်။ အင်းလေ...အခုသူတို့ကအသက်ရာချီနေပြီဆိုတော့ သူတို့ပိုကြီးသွားပြီပေါ့"

သူ့ပါသူပြော သူ့ပါသူသဘောကျဟန်ရီနေသောEthanအားကြည့်၍ Daeunလေးလည်းလိုက်ရီမိသည်။ ဘာကြောင့်မှန်းမသိ ထိုသူသည်Daeunလေးအတွက် ရင်းနှီးနေသလိုပင်။

"ဟိုးအရင်တုန်းက သူတို့တွေအကုန်လုံးက ဦးဦးရဲ့ညီလေးတွေလေ။ အဲ့တုန်းက မီးမီးရဲ့ဦးဦးNooNoo၊ ဦးဦးWonWon၊ ဦးဦးKiKi နဲ့ ဟိုဦးဦးWonWonနောက်တယောက်တောင် စကားပြောတတ်သေးတာမဟုတ်ဘူး။ မြေကြီးပေါ်ဝမ်းလျားမှောက်သွားတတ်တဲ့ အရွယ်လေးတွေပဲရှိသေးတာ။ ဦးဦးJayJayနဲ့ မီးမီးရဲ့Daddyနဲ့Papaတို့တောင် အခုမီးမီးလိုပြေးလွှားဆော့တတ်တဲ့အရွယ်လေး​တွေ။ အဲ့တုန်းက ကောင်းကောင်းအရွယ်ရောက်သေးတာဆိုလို့ မီးမီးရဲ့ဦးဦးSeungSeungတယောက်ပဲရှိခဲ့တာလေ"

Eternity(Season-2)Onde histórias criam vida. Descubra agora