Episode-17

292 43 3
                                    

(Unicode)

"ဟုတ်ပြီ...ဟုတ်ပြီ...ဒီကိုလာခဲ့....ဒီကိုလာ"

လက်လေးနှစ်ဖက်ဆန့်တန်း၍ တုန်တုန်တုန်တုန်နှင့်လမ်းစလျှောက်နေကြပါသော Sunooနှင့်Jungwonရှေ့မလှမ်းမကမ်း၌ထိုင်၍ အားပေးနေသည်က Jay၊ Sunghoon နှင့် Jakeတို့။ အခုမှလမ်းစလျှောက်ခါစ ညီငယ်လေးတွေကိုအူယားနေဟန်ပင်။ Heeseungလည်းသစ်ပင်အောက်အရိပ်ရသည့်နေရာတွင်ထိုင်၍သာ ညီငယ်လေးတွေလုပ်သမျှအား ကြည့်နေလိုက်သည်။ တချက်တချက် သူ့အနားမှ ဝမ်းလျားသွားလျက်နှင့်ထွက်သွားတတ်သော Ni-Kiနှင့်Wonwonကို လိုက်ဖမ်းရသည်တော့ရှိသည်။

သို့သော် ညီငယ်လေးများ အနည်းငယ်အရွယ်ရောက်လာတော့ သူ့အတွက်လည်းထိန်းရသည်မှာ ပို၍သက်သာလာသည်။ Jayတို့သုံးယောက်သည်လည်း ကူ၍ထိန်းပေးတတ်သည်ကိုး။

"ဟော...အကုန်အပြင်ရောက်နေကြတာလား"

တက်ကြွစွာပြောလာသောအသံကြောင့် Heeseungထိုင်နေရာမှ လှမ်းကြည့်လိုက်တော့ လက်နှစ်ဖက်တွင်အိတ်များကိုင်၍ အပြင်မှပြန်လာသောEthanအား တွေ့လိုက်ရသည်။ Ethanအားတွေ့သည်နှင့် Jayတို့သည်Ethanဆီအပြေးလေးသွားလိုက်သလို Sunooတို့သည်လည်း လှုပ်တုတ်လှုပ်တုတ်နှင့်လျှောက်သွားလေသည်။ HeeseungအနားရှိNi-Kiတို့သည်တောင် လက်လေးတွေကမ်း၍တအဲအဲနှင့်။ အားလုံးEthanအားချစ်ကြဟန်ပင်။

Ethanလည်း ပါလာသည့်အိတ်ထဲမှမုန့်များအား အချိုးကျခွဲဝေပေးလိုက်ရာ ကလေးပီပီအားလုံးပျော်ရွှင်စွာခုန်ပေါက်နေကြတော့သည်။ ထို့နောက် Sunooနှင့်Jungwonအား တချက်စပြီးနောက် Jayတို့နှင့်ထားခဲ့၍ အပင်အောက်ရှိHeeseungတို့ရှိရာသို့ Ethanလျှောက်လာလိုက်ပါသည်။ အနားရှိNi-Kiနှင့်Wonwonသည်တောင် တအဲအဲနှင့်သူတို့အကိုကိုနှုတ်ဆက်လျက်။

Ethanလည်းNi-Kiတို့အားကောက်ပွေ့ချီလိုက်၍ ပေါင်ပေါ်တဖက်စီတင်ကာ စနေတော့သည်။

"Hyungပြန်လာတာစောသားပဲ။ အလုပ်ကအဆင်ပြေရဲ့လား"

မြို့ထဲသွားကာအလုပ်လုပ်နေပြီဖြစ်သောEthanအား ဂရုဏာသက်စွာHeeseungမေးလိုက်မိသည်။

"ပြေပါတယ်ကွ။ Hyungတို့ကငယ်သေးတဲ့အရွယ်ပဲ၊ အားကြိုးမာန်တက်လုပ်ရင် မပြေဘူးဆိုတာမရှိပါဘူး"

Eternity(Season-2)Where stories live. Discover now