CH 72.2

2.4K 440 38
                                    

ရီဇဲ အဲ့နေ့ညက ကောင်လေးကို အမှတ်မိနေဆဲပဲ....သူ့အောက်မှာ တောင်းပန်ခယပြီးငိုကြွေးနေတာလေးတွေ၊ ချစ်ခြင်းမေတ္တာပြည့်လျှမ်းနေတဲ့ မျက်ဝန်းနက်နက်လေးတွေနဲ့ စိုက်ကြည့်နေတာလေးတွေ၊ ရီကော ဆိုပြီးနူးနူးညံ့ညံ့ခေါ်ဆိုသံလေးတွေ....ဒါတွေအားလုံးကို သတိရနေမိတယ်....

အတုယောင်တစ်ခုအဖြစ်ကနေ သူမသိလိုက်မိခင်မှာ အစစ်အမှန်တစ်ခုလို ဖြစ်သွားခဲ့တာပဲ.....တွေးကြည့်ရင်းကနေ ရီဇဲမျက်ဝန်းတွေ မှောင်မိုက်လာခဲ့တယ်...

Love bite တွေ သိပ်များလွန်းတာကြောင့် မိတ်ကပ်နဲ့တောင် ဖုံးဖိမရတော့တဲ့အတွက် ဒီရက်ပိုင်း ရှဲ့ဟယ် အိမ်တွင်းအောင်းနေခဲ့ရတယ်။ မန်နေဂျာဖြစ်သူကတော့ ထုံးစံအတိုင်း ဆူပူတော့တာပေါ့.....

"မနက်ဖြန်အတွက် ရိုက်ကူရေးနဲ့ နောက်ပတ်အတွက် အစီအစဉ်တွေအားလုံး ဖျက်လိုက်ရတော့မယ်....မင်း ဉက္ကရီနဲ့ ဒီလောက်နှစ်တွေကြာအောင် ဘယ်လိုများ သည်းခံပြီးနေခဲ့သလဲကွာ...."

ရှဲ့ဟယ်ကတော့ ဝေကျန်းချင် ဂရုဏာဒေါသောနဲ့ဆူပူသမျှကို ခေါင်းငုံ့ပြီးနားထောင်နေလိုက်တယ်....

မတုန်မလှုပ် စာ​ခြောက်ရုပ်လို လုပ်နေတဲ့ ရှဲ့ဟယ်ရဲ့ အတွေးတွေကို သိနေတဲ့ ဝေကျန်းချင်က......

"မင်း ကိုယ်မင်းပြန်ကြည့်စမ်း...ဒုက္ခခံခဲ့ရတာနဲ့ တန်ရဲ့လား...မင်း ဉက္ကရီနဲ့ အတူရှိနေနိုင်မှာ မဟုတ်မှန်းသိပေမယ့် ထွက်သွားဖို့ ပြောမထွက်ဘူးမလား....မင်းသာ ပြောလိုက်ရင်ဉက္ကရီက ထွက်သွားခိုင်းမှာပဲ....မင်းအခုလက်ရှိအခြေနေတိုင်းဆို သူ့ဆီ အကူညီယူနေစရာမလိုတော့ဘူး...."

ဒါတွေဟာ သူငယ်ချင်းတစ်ယောက်အနေနဲ့ပြောခဲ့တဲ့စကားတွေပါ...လက်ရှိမှာ ရှဲ့ဟယ်က နာမည်ဂုဏ်သတင်းရော အဆင့်တန်းပါရှိလာခဲ့ပြီ။ ဉက္ကရီရဲ့ ပံ့ပိုးပေးမှုက သိပ်အရေးပါတယ်ဆိုပေမယ့်လည်း ရှဲ့ဟယ် အခုလိုတွေ ခံစားနေရတာ မကြည့်ရက်တော့ဘူး။

ရှဲ့ဟယ်ဘက်ကတော့ အတော်လေးကြာမှသာ တုံ့ပြန်လာခဲ့တယ်......

" ငါ့ဘက်ကတွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်....ဒါပေမယ့် အဆင်ပြေပါတယ်...ငါဂရုမစိုက်မိလိုက်လို့ သူ့ကိုဒေါသထွက်အောင်လုပ်မိလိုက်တယ်....နောက်ဆို ပိုဂရုစိုက်ပါ့မယ်...."

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now