100%LoVe + 0%money

1K 64 3
                                    

Unicode //

Part -1

" အထက်တန်းလူတန်းစားနဲ့‌အောက်ခြေလူတန်းစားတို့ပေါင်းဖက်တာကရေရှည်တည်မြဲမယ်ထင်လား အစ်မ .... "
_____________ _________

သူဌေးအသိုင်းအဝိုင်းတွေကြီးဘဲရှိတဲ့ ကျောင်းမှာတက်ရတာသည် အရမ်းကိုစိတ်ပျက်ဖို့ကောင်းသည်။ အင်အားနည်းသူတွေကို အင်အားကြီးသူကဖိနှိပ်အနိုင်ကျင့်တာဟာပုံမှန်ဖြစ်ပျက်နေကြကိစ္စပင်။

" ကင်မ်ဂျီဆူး ငါတို့အိမ်စာတွေရေးပြီးပြီးလား "

" ဟုတ်ကဲ့ ဒီမှာပါဗျ "

ဂျီဆူး ကမ်းပေးသောစာအုပ်ကို ရိန်း ဟုအမည်ခံသောကောင်လေးကဘေးသို့ပုတ်ထုတ်ကာ

" ခုံပေါ်ချထားလိုက် မင်းကမ်းပေးတိုင်းငါတို့ယူရအောင် အဆင့်တန်းတူလို့လား "

နှာခေါင်းရှုံ့ကာပြောလာတဲ့ ရိန်း ရဲ့စကားကိုသူ့သူငယ်ချင်းတွေကလည်းထောက်ခံကာ ခေါင်းညိမ့် ကြသည်။

" တောင်းပန်ပါတယ်ဗျ "

" အင်အင် အတန်းထဲသွားလို့ရပြီး မင်း ကိုယ်အနံ့က တော်တော်စိတ်ပျက်ဖို့ကောင်းတယ် "

မနက် ၅ နာရီကတည်းကနေကျောင်းမတက်ခင်အချိန်ထိ အလုပ်ချိန်ကဆက်နေသည်။ ထို့ကြောင့် ကျောင်းဝတ်စုံနှင့်ပင်အလုပ်ကိုသွားရသည်။ အမြဲချွေးသံတရွဲရွဲနဲ့ကျောင်းပြေးတတ်ရတဲ့ ကျွန်တော် ကိုတစ်ကျောင်းလုံးကမျက်မုန်းကျိုးကြသည်။ ရွံကြသည်။

" အိမ်စာ စာအုပ်တွေလာထပ်ကြမယ် "

အိမ်စာ စာအုပ်ကိုတစ်တန်းလုံးသွားထပ်နိုင်ပေမယ့် ကျွန်တော် တော့မပါခဲ့ချေ။ ရိန်း တို့သူငယ်ချင်းစာအုပ်တွေကိုပါ တစ်ယာက်တည်းရေးရသောကြာင့ကျွန်တော့်အိမ်စာကိုတော့မလုပ်နိုင်ခဲ့ပေ။

" ကင်မ်ဂျီဆူး အိမ်စာမပြီးသေးဘူးလား "

" ဟုတ်ကဲ့ ညကအလုပ်ကပြန်ရောက်တာနောက်ကျသွားလို့ပါ ဆရာမ "

" မင်းလိုလူဘယ်လိုလုပ် Scholarship ရခဲ့လဲဆိုတာစဉ်းစားလို့မရ သွား အခန်းပြင်ထွက်ပြီးဒူး‌ေထာက်လက်‌ေမြှာက်နေနေ "

100%LoVe + 0%moneyWhere stories live. Discover now