100% LoVe + 0%money

376 40 7
                                    

Unicode //

Part-22

" အတွင်းရေးမှူးယွန်း မနက်ဖြန်မနက်လေယာဉ်နော် စောစောအိပ်ယာထ ကျန်နေခဲ့ရင် လေယာဉ်မြှီးကိုဖက်လိုက်နေရမယ် "

အတွင်းရေးမှုးယွန်းကကျွန်တော့်စကားကြောင့် ရှက်သွားပြီး ဒါရိုက်ဘာရွန် ကအော်ရယ်တော့သည်။

အတွင်းရေးမှူးယွန်း ကအရမ်းကိုအအိပ်ကြီးသူ။ မနက်အစောကြီးအလုပ်ကိစ္စတွေရှိရင် သူဟာကားနောက်ကပြေးလိုက်ရတာများသည်။

" ဆရာ သာ ဒီညအိပ်ပျော်အောင်အိပ် မနက်ဖြန်ဆို ‌ရူဘီဂျိန်း နဲ့တွေ့ရမယ်ဆိုတော့ရင်ခုန်နေပြီး အိပ်မပျော်ဖြစ်နေမယ် "

" ကိုယ်တွေကညဘက်ဆို video call ပြောရတယ်နော် သူများတွေလိုမျိုးလေ ခိုးခိုးတွေ့ရတာမဟုတ် "

ကျွန်တော့်စကားကြောင့် ဒီတစ်ခါ ဒါရိုက်ဘာရွန်ပါရှက်သွားပြီးချောင်းတွေထဆိုးနေသည်။

" ဒါရိုက်ဘာရွန် ကနေမကောင်းဘူးထင်တယ် ချောင်းတွေဆိုးလို့ အတွင်းရေးမှုးယွန်း ကဂရုစိုက်လိုက်အုံးနော် "

ရွတ်နောက်နောက်စပြီး ကားပေါ်ကဆင်းကာ ရုံးခန်းထဲဝင်သွားလိုက်သည်။

" မြို့တော်ဝန် ရဲ့သူငယ်ချင်းဖြစ်သူက ဧည့်ကြိုခန်းမှာရှိနေတယ် မြို့တော်ဝန် "

လုံခြုံရေးဖြစ်သူစကားကြောင့် ရုံးခန်းထဲမဝင်ခင် ဧည့်ကြိုခန်းဆီခြေဦးပြန်ပြင်လိုက်သည်။

" ယွမ်ဟယ် ? ဟင် ရိန်း ပါလား "

" မဂ်လာပါ မြို့တော်ဝန်ဗျ "

အရိုအသေပေးနေတဲ့သူငယ်ချင်းနှစ်ယောက်ရဲ့ကျောပြင်ကိုရိုက်ထည့်လိုက်ပြီး

" အပိုလုပ်မနေကြနဲ့ "

" မြို့တော်ဝန် ကလက်ပါတယ်ဟ "

" ငါ့ရုံးခန်းကိုသွားကြတာပေါ့ "

သူငယ်ချင်းနှစ်ယောက်ကိုခေါ်ကာ ကျွန်တော့်ရုံးခန်းဆီကိုတူတူလာခဲ့ပြီး အဝင်ဝတွင်တွေ့လိုက်ရတဲ့ အတွင်းရေးမှူးယွန်း ကို

" တစ်ယောက်ယောက်လာရင်ပေးမဝင်ဘဲအရင်အကြောင်းကြားနော် အရေးမကြီးရင် နောက်မှာလာခိုင်းတာပိုအဆင်ပြေတယ် "

100%LoVe + 0%moneyWhere stories live. Discover now