ENDING ...

606 46 12
                                    

Unicode //

Part-27

ကျွန်တော့်ရင်ခွင်ထဲအိပ်မောကျနေတဲ့ အစ်မ ကိုငုံ့ကြည့်ပြီးပြုံးလိုက်မိသည်။ အစ်မ ရဲ့အဝတ်မဲ့နေတဲ့ကျောပြင်လေးကိုတစ်ချက်ပွတ်သပ်လိုက်တော့

" အွန်း အိပ်ချင်နေသေးတယ်ရယ် "

" အိပ်ပေါ့ဗျာ "

ဟုဆိုကာ ကျွန်တော့်လက်တွေကစောင်အောက်ကအစ်မပေါင်ထက်ဆီရောက်သွားသည်။

" အား "

ကျွန်တော့်လက်မောင်းကိုအစ်မ ရဲ့သွားသေးသေးလေးတွေနဲ့ကိုက်လာတာကြောင့်အော်လိုက်မိသည်။

" ညကလည်းအိပ်ချင်ပါပြီးပြောတာ ပြောမရဘူး အခုတော့ပေးအိပ်ပါအုံး "

အစ်မ ရဲ့ချစ်စဖွယ်စကားကြောင့်ရယ်လိုက်မိသေးသည်။

" အစ်မ ရဲ့ဝတ်စလစ်ပုံကလေ တကယ်ဆွဲဆောင်မှုရှိတာ "

" ရား အရှက်မရှိတဲ့စကားတွေ "

" ဒါဆို အစ်မ ရဲ့ညက ညီးတွားသံတွေနဲ့တောင်းဆိုသံတွေကရော ? "

" အရူး "

မျက်နှာရူးလှတဲ့ မောင့် ရဲ့ဗိုက်ကိုဖွဖွလေးထိုးလိုက်သည်။

" စ တာ ဆက်အိပ်တော့နော် "

" ဖက်ထားပေး အစ်မ မနိုးမချင်း "

" ဟုတ်ကဲ့ပါခင်ဗျာ "

တစ်ဖန်ပြန်အိပ်ပျော်သွားတဲ့အစ်မကိုကြည့်ပြီးကြည်နူးနေမိသည်။ အစ်မ သည်ကျွန်တော့်အပိုင်ဖြစ်လာတာမယုံကြည်နိုင်သေး။

ကျွန်တော့်လိုဘာမှမရှိတဲ့လူတစ်ယောက်ကိုမလွှတ်ချတဲ့အပြင် ထိပ်ဆုံးရောက်အောင်ပါ အစ်မ ကတွန်းတင်ပေးခဲ့သည်။

" ချစ်တယ် အစ်မ... ဒီစကားက ထပ်တလဲလဲအစ်မကြားနေရမယ့် ဘယ်တော့မှ မငြီးငွေ့သွား မယ့်စကားလေးဘဲ "

ကျွန်တော့်ရင်ခွင်ထဲကိုတိုးဝင်ကာအိပ်နေတဲ့အစ်မခေါင်းလေးကိုနမ်းကာပြောလိုက်သည်။

______________ _____

သုံးလ ~

" မောင် ရေမနက်စာလာစားတော့ "

" လာပြီး အစ်မ "

လို့ဆိုကာ ထမင်းဝိုင်းဆီအပြေးလာလေသည်။

100%LoVe + 0%moneyWhere stories live. Discover now