100%LoVe + 0%money

371 50 8
                                    

Unicode //

Part-11

- " မနေ့မနက်ထွက်ပေါ်ခဲ့သော သတင်းများသည် ယုတ္တိမရှိသောအကြောင်းအရာများဖြစ်သည်။ ထိုသို့ မဟုတ်မမှန်သောပုံများဖြင့် သတင်းထုတ်ပြန်ခဲ့သော မီဒီယာ တွေအားလုံးကိုဥပဒေအရအရေးယူသွားမည်ဖြစ်သည် "

ထိုသတင်းခေါင်းစဉ်ကို ရူဘီ ဖတ်ရင်း ပြုံးနေမိသည်။

" ဘယ်လိုလဲ ရူဘီ အဆင်ပြေလား "

" အွန်နီး အတော်ဆုံးဘဲ "

လက်မနှစ်ခုထောင်ကာ ပြုံးပြီးပြောနေတဲ့ ရူဘီ ကြောင့်ခေါင်းခါမိသည်။

" အွန်နီး တို့ကောမန့်ဖတ်ကြည့်ကြ ရယ်နေရတယ်"

လီဆာ ကသူ့ဖုန်းကိုပေးကာပြောလာတာကြောင့် သုံးယောက်တူတူဖတ်ကြည့်ကြသည်။

အဲ့ထဲကကောမန့်ရေးထားကြသူတွေက ဟိုနေ့က ကျွန်မဖတ်ခဲ့တဲ့ကောမန့်ပိုင်ရှင်တွေပေ

@hawn_yan     " မင်း ပြောသလိုစီးပွားရေးကျောင်းသားနဲ့ဘဲ ဒါပေမယ့် လူမှားနေတယ် "

@sam_gi          " ငါရယ်သေ edit စကေးကငါ့ထက်ညံ့ "

@hawn_yan    " မသိချင်ယောင်ဆောင်ပေးလိုက်ကြပါဟယ် ပေါတောတောနဲ့

@i_yourskim   " ရူဘီဂျိန်း တော့အူလှိမ့်ပြီးရယ်နေပြီး "

ကောမန့်တွေဖတ်ပြီး သုံးယောက်သားရယ်မိကြတော့သည်။

" အူတက်ဟယ် ဟိုကောင် ပေါတာတစ်ကမ္ဘာလုံးသိကုန်ပြီး "

အိုင်းရင်းအွန်နီး စကားကြောင့် အရယ်တောင်မရပ်နိုင်တော့ကြ။

" ဒါနဲ့ သူတို့ပြောပုံအရဆို နင့်ဖန်တွေသိလောက်တယ် နင့်မှာတွဲနေတဲ့လူရှိတယ်ဆိုတာကွာ "

" ဟုတ်မယ် အွန်နီး ပြောမရဘူး ဂျီဆူး နဲ့ပါဆိုတာသိချင်သိအုံးမှာ "

" လီဆာ ပြောတာတော့မဖြစ်နိုင်လောက်ပါဘူး "

သုံးယောက်သားရယ်နေကြရင်း လီဆာ ကတစ်ခုခုကိုသတိရသည့်ဟန်နဲ့

" အွန်နီး ဟိုတစ်နေ့က လီလီ အမှတ်မထင် group တစ်ခုကိုဝင်joinမိသွားတယ်  "

" ဘာလဲ 18+ group လား "

အိုင်းရင်းအွန်နီးရဲ့စကားကြောင့် လီဆာ တစ်ယောက်အော်တတ်တော့သည်။

100%LoVe + 0%moneyWhere stories live. Discover now