100%LoVe + 0%money

371 47 21
                                    

Unicode //

Part -7

အချိန်ငါးလအတွင်း အစ်မ နဲ့ကျွန်တော်တို့ရဲ့အချစ်ဇာတ်လမ်းသည် ချောမွေ့နေခဲ့သည်။ မည်မျှပင်အချိန်မအားလပ်စေကာမူ တစ်ယောက်အပေါ်တစ်ယောက်ဂရုစိုက်ကြဖို့တော့နှစ်ယောက်လုံးမမေ့လျော့ခဲ့ကြ။

ထူးဆန်းတာတစ်‌ခုဟာ အစ်မ သည်နာမည်ကြီးတစ်ယောက်ပေ။ အစ်မ နဲ့ကျွန်တော် နဲ့သည်လည်းအမြဲတမ်းလိုလိုကိုချိန်းတွေ့နေကြဆဲပေ။ အဲ့တာကို မီဒီယာ တွေကအမှန်တကယ်ပင်မသိခဲ့တာလား။ မသိဟန်ဆောင်ပြီးအချိန်တစ်ခုကိုစောင့်နေကြတာလားဆိုတာပင်။

" မောင် ဘာတွေတွေးနေတာလဲ "

ကျွန်တော့်ရဲ့ကျောင်းပိတ်ရက်ကိုရောက်လာပြီးဖြစ်ပြီး ကျွန်တော့်အလုပ်‌ေတွကိုလည်းတစ်ပတ်လောက်နားထားသည်။ ဘာကြောင့်လည်းမေးလာရင်တော့ အစ်မ ကြောင့်ပင်။ အစ်မ အတွက်သီးသန့်အချိန်လေးပေးချင်တာကြောင့်ပင်။

အစ်မ ရဲ့အခုလိုပိတ်ရက်တွင် အစ်မ သည်ကျွန်တော်နဲ့တူတူအပန်းဖြေတွေထွက်ပေးလေ့ရှိသည်။ အခုလည်း ဟန်ဆယ် လို့အမည်ရတဲ့ရွာကိုအလည်လာကြသည်။ နှစ်ညအိပ်သုံးရက်ခရီးဖြစ်တာကြောင့် အစ်မရဲ့မန်နေဂျာအမရော၊ professor ရော ၊အစ်မ ရဲ့ညီမဝမ်းကွဲပါ တူတူလိုက်ခဲ့ကြသည်။

" အစ်မ အနုပညာလုပ်ရတာပျော်လား "

" ပျော်တာပေါ့ ငယ်ငယ်က အစ်မ အဖြစ်ဆုံးဆန္ဒက လူတွေမော့ကြည့်ရတဲ့စင်မြင့်မှာဖျော်ဖြေပြီး အစ်မ ပရိသတ်တွေကိုပျော်ရွှင်စေချင်တာဘဲ "

သဘောတကျကိုပြောပြနေတဲ့ အစ်မ ကိုမျက်တောင်ပင်မခတ်ဘဲ အစ်မ ပြောသမျှကိုသေချာနားထောင်နေသည်။ မျက်တောင်ခတ် လိုက်ရင် အစ်မ ပျော်ရွှင်နေတဲ့မျက်နှာကိုအနည်းငယ်လွတ်နိုင်တယ်လေ။

" အစ်မ ကိုဝေဖန်တဲ့လူတွေများတာ စိတ်မညစ်ရဘူးလား "

" ဟင့်အင်း တစ်ခါတစ်လေခံစားရပေမယ့် အစ်မ ပရိသတ်တွေကိုကြည့်ပြီးအားတွေပြန်ရတယ်လေ အကယ်လို့ အစ်မ ပရိသတ်တွေကပါ အစ်မ ကိုမနှစ်သက်လာတော့ဖူးလို့ခံစားမိရင် အစ်မ ကျရှုံးသွားမယ်ထင်တယ် "

100%LoVe + 0%moneyWhere stories live. Discover now