100%LoVe + 0%money

393 54 11
                                    

Unicode //

Part-5

" ကျွန်တော် အတန်းသွားတက်ရအံုးမယ် အစ်မ"

ကျွန်တော့်ကိုဖက်ထားဆဲဖြစ်တဲ့ အစ်မ ကိုတိုးတိုးလေးပြောလိုက်တော့ အစ်မ ဆီကတစ်ခစ်ခစ်ရယ်သံထွက်ပေါ်လာသည်။

" တို့ အတန်းချိန်ပြောင်းပစ်လိုက်ရမလား "

ဒီတစ်ခါရယ်သံထွက်လာတာကတော့ ကျွန်တော့်ဆီကနေပေါ့

" မလိုပါဘူးဗျာ အစ်မ ရောမပြန်သေးဘူးလား "

" ပြန်မှာပါ မင်း အတန်းပြီးတဲ့ထိစောင့်မလို့ နောက်မှတူတူပြန်ရအောင် "

" အစ်မ ကနာမည်ကြီးတစ်ယောက်နော် "

" မင်း က တို့ ကောင်လေးနော် "

တစ်ချိန်က ရူဘီဂျိန်း သည်အနုပညာလုပ်ငန်ူအပေါ်ရူးသွပ်သူဖြစ်သည်။ ယခုအခါ ကင်မ်ဂျီဆူး ကိုရူးသွပ်သူဖြစ်လာခဲ့သည်။

_____________ ____

အတန်းထဲပြန်လာပြီး ဆရာမ သင်သမျှကိုသေချာစွာဂရုတစိုက်နားထောင်နေသည်။ အရင်နေ့တွေကလည်းနားထောင်နေကြဆိုပေမယ့် ဒီနေ့ သင်ခန်းအပေါ်ပိုပြီးအာရုံစိုက်ထားရသည်။ ဘာလို့ဆို အစ်မ သည်ကျွန်တော့်ရဲ့အတွေးကိုလွှမ်းမိုးထားတာကြောင့်ပင်။

" ဂျီဆူး မင်း ကိုရုံးခန်းကဘာတဲ့လဲ "

အတန်းခေါင်းဆောင် မေးလာတဲ့မေးခွန်းကြောင့် အစ်မ ကိုတွေးမိပြန်သည်။

" ဘာမှမဟုတ်ပါဘူး ဒီတိုင်းဘဲ "

" အင်အင် "

ဆရာမ ထွက်သွားသည်နှင့်တစ်ပြိုင်နက် စာအုပ်တွေကိုမြန်မြန်ကောက်ထည့်ကာ အစ်မ ဆီသွားဖို့ဦးတည်လိုက်သည်။

" ဂျီဆူး ဒီနေ့တက်ကြွနေပါလား "

" ဟီး "

ယွမ်ဟယ် စကားကိုသဘောတကျရယ်ပြီး အခန်းဝကထွက်ဖို့ပြင်ချိန် ရိန်း နဲ့သွားတိုးတော့သည်။

" ဝိုး ငါတို့ ကင်မ်ဂျီဆူး ဒီနေ့လောနေပါလား ဘာလဲ ကောင်မလေး ရသွားပြီးလေ "

ရိန်း စကားကိုဘာမှပြန်မပြောဘဲနေနေတာကြောင့်

" သေချာပြီး သူ့မှာကောင်မလေးရှိနေတာ "

100%LoVe + 0%moneyOpowieści tętniące życiem. Odkryj je teraz