100%LoVe + 0%money

358 46 9
                                    

Unicode //

Part-18

အခန်းထဲကပြန်ထွက်သွားတဲ့ မောင့် ကျောပြင်ကိုတစ်ချက်ကြီးပြီးသွားခေါ်ဖို့ပြင်ပေမယ့် တစ်ဖက်က ရူဘီ လို့ခေါ်သံကြောင့် မောင့် ကိုလျစ်လျူရှုလိုက်သည်။

ဂျီဆူး စိတ်ဆိုးသွားတာကိုဘေးကနေမြင်ရတဲ့ ကျွန်မတောင်သိတယ်။ ရူဘီ ကမသိဘူးဆိုတာဖြစ်နိုင်လို့လား။ ဘာလို့ ဂျီဆူး ကိုမတားတာလဲ။ ဂျီဆူး ဂျပန်သွားမယ်ဆိုတာမသိဘူးလား။

ရူဘီ ဖုန်းပြောနေတဲ့တစ်ဖက်လူကဘယ်သူမှန်းမသိ ပြုံးပြီးခနခနရယ်နေကြသည်။ တော်တန်ဖုန်းပြောမပြီးသေးတဲ့ ရူဘီ ကြောင့်စိတ်ကသိပ်မရှည်လာတော့။ ပြန်ထွက်သွားဖို့ပြင်နေတုန်း

" အွန်နီး ဘာပြောဖို့လဲ "

" ငါကအရေးမ‌ကြီးဘူး ရူဘီ... ဂျီဆူး အရေးကြီးလို့နေမယ် ဒီထိလာတာ ဖုန်းဆက်လိုက်အုံး "

" နောက်မှဆက်လိုက်မယ် အွန်နီး ဘာကိစ္စရှိလို့လဲပြောလေ "

ရူဘီ့ စကားကြောင့်အံ့ဩမိသည်။ သူတို့နှစ်ယောက်ကြားကိစ္စမို့ ဝင်မပါချင်တာကြောင့် လာရင်းကိစ္စသာပြောလိုက်သည်။

" ဒီနေ့က ၁၅ ရက်နေ့ရှိနေပြီး နောက်သုံးရက်ဆိုသီချင်းသစ်ကထွက်ပြီးမလား producer ဘက်ကနေပြီး ရူဘီ့စိတ်တိုင်းကျဖြစ်မဖြစ်သိချင်လို့အကုန်ပြန်စစ်ဆေးပေးနိုင်မလားတဲ့ "

" ရပါတယ် အခုလား "

" မနက်ဖြန်မှပါ "

" ဟုတ် "

" အဲ့ဆို သွားပြီးနော် "

ရူဘီ ကွန်ပျူတာကိုကြည့်ရင်းနဲ့ အိုင်ရင်းအွန်နီးစကားကိုခေါင်းညိမ့်ပြလိုက်သည်။

____________ ______

လေယာဉ်ပေါ်တစ်လျှောက်လုံးလည်း စိတ်ကအစ်မဆီမှာသာကျန်ခဲ့သည်။ အစ်မ ကပြောင်းလဲသွားတာလား ကျွန်တော်ကဘဲပြောင်းလဲစေမိခဲ့တာလားမသိ။

စိတ်ရှုပ်လာသမျှကို သီချင်းနားထောင်ရင်းသာလွှတ်ပစ်လိုက်သည်။ နားကြပ်တပ်ပြီး မျက်လုံးစုံမှိတ်ကာသီချင်းပေါ်အာရုံစိုက်ပြီးအိပ်ကြည့်သော်လည်းမထူးခြားလာ။ အစ်မ ပုံရိပ်တွေသာမြင်ယောင်နေသည်။

100%LoVe + 0%moneyWhere stories live. Discover now