100%LoVe + 0%money

354 49 17
                                    

Unicode //

Part -9

-  2023 ကုန်ဆုံးပြီး မနက်ဖြန်ဆိုရင် 2024 နှစ်သစ်ကိုရောက်မယ်ဆိုတော့ ဘယ်အနုပညာရှင်ရဲ့dating new ကိုလက်ဆောင်ဖော်ပေးမယ်ထင်ကြလဲ ?

ဖုန်းမှာ တက်လာတဲ့သတင်းကြောင့် စိတ်ပျက်စွာခေါင်းခါမိသည်။

ကိုယ့်အလုပ်ကိုယ်မလုပ်ကြဘူးလားလို့ပြောဖို့ကလည်း သူတို့စောက်လုပ်ကသူများအကြောင်းဖော်ထုတ်ဖို့အပြင်ကျန်တာမတတ်ကြ

ဘာရယ်မဟုတ် ကောမန့်တွေကိုတစ်ချက်ဝင်ဖတ်ကြည့်လိုက်တယ်

သူတို့အချင်းချင်းအပြန်အလှန်ပြောနေကြပြီးကျွန်မနာမည်ကိုတွေ့လိုက်ရတာကြောင့် ဖတ်ကြည့်လိုက်တော့

@sam_gi       " Ruby Jane ? "

@hawn_yan  " ရူဘီဂျိန်း ဖန်တွေငိုရမယ့်နှစ်ထင်တယ် 🫂 "

@hawn_yan  " စီးပွာရေးကျောင်းသား + ရူဘီဂျိန်း ? "

@i_yourskim  " maybe "

" Shit ငါစောက်သဲကွဲမှဘဲလာဖော်ကြ "

တစ်ကိုယ်တည်းကျိန်ဆဲပြီး ဆိုဖာပေါ်ကထကာ အိုင်ရင်းအွန်နီးရုံးခန်းထဲဝင်သွားလိုက်သည်။

" ရူဘီ ဘာလဲ သတင်းတွေ့လိုက်လား "

" အင် အခုမှစိတ်ထဖောက်ကြလဲမသိ "

" စိတ်ပူစရာမလိုပါဘူး ပြတ်သွားပြီးဆိုတော့ မဟုတ်မှန်ကြောင်းသတင်းထုတ်ပြန်လိုက်လို့ရတယ် "

အိုင်ရင်းအွန်နီးကြောင့် စဉ်းစားမိသွားတာက မောင်နဲ့ကျွန်မနဲ့ကပြတ်သွားပြီးလို့လား ?

" ညီမတို့မပြတ်ကြသေးပါဘူး "

" နင်ဘဲလမ်းခွဲဖို့စပြောတာလေ ပြတ်ပြီးပေါ့ "

" ဒါမယ့် မောင် ပြန်လာမှာလေ မောင် ကညီမကိုအရမ်းချစ်တာလေ သူဆက်ဆက်ကိုပြန်လာမှာ "

ပြုံးစိစိနဲ့ပြောနေတဲ့ရူဘီ့ကြောင့်

" မောင် ? ကျက်သရေစတုံးပြီး "

" ဟီး အချိန်တစ်ခုရောက်လို့ပရိသတ်တွေကို ချပြပြီးရင်လေ မောင် ကချစ်စရာလေးပရိသတ်တွေရယ် လို့စင်ပေါ်မှာပြောအုံးမယ် "

100%LoVe + 0%moneyWhere stories live. Discover now