100%LoVe + 0%money

358 51 9
                                    

Unicode //

Part-13

ခန္ဓာကိုယ်အတွင်းပိုင်းက ကြီးကြီးမားမားထိခိုက်မှုမရှိပေမယ့် အပြင်ပိုင်းဒဏ်ရာကတော့တော်တော်များများရသွားသည်။ အဲ့ဒါကို အစ်မ ကအရမ်းစိတ်ပူပြီး ဆရာဝန်က အဆင်ပြေပါတယ်ပြောတာတောင်လက်မခံဘဲ ဆေးရုံမှာသာတစ်ပတ်လောက်နေခိုင်းနေသည်။

" အစ်မ ကလည်း ဆရာဝန် ကအကုန်အဆင်ပြေတယ်ပြောနေပြီးကို "

" ကြည့် ဒါကအဆင်ပြေတာလား "

မျက်နှာပေါ်ကဒဏ်ရာတစ်ချို့ကို လက်ညိုးထိုးပြကာဆူပုတ်ပြီးပြောလာတဲ့အစ်မ ကြောင့်တိုးတိုးလေးသဘောတကျရယ်လိုက်သည်။

" ဒီဒဏ်ရာအသေးအမွှားလေးတွေက အစ်မ နမ်းလိုက်ရင်ပျောက်ပြီးကို ဆရာဝန်တွေကုစရာ...."

စကားမဆုံးသေးခင် ကျွန်တော့်မျက်နှာပေါ်ကဒဏ်ရာတစ်ခုချင်းစီကို အစ်မ ကခပ်ဖွဖွလေးနမ်းလာသည်။

နောက်ဆုံး ကျန်နေတဲ့နှုတ်ခမ်းထောင့်နားကဒဏ်ရာလေးကိုအရောက် အစ်မ ကကျွန်တော့်ကိုအရည်ရွန်းလဲ့နေတဲ့မျက်ဝန်းတွေနဲ့ကြည့်လာပြီး

" ဒီနေရာမှာ အစ်မ တို့အသက်ရှုမတတ်အနမ်းကိုပုံဖော်ကြမလား "

အစ်မ စကားကို ကျွန်တော် ဟာ သဘောတကျနဲ့ခေါင်းညိမ့်လိုက်တာနဲ့ အစ်မ နှုတ်ခမ်းပါးလေးတွေက ကျွန်တော့်နှုတ်ခမ်းပေါ်ထပ်တူကျရောက်လာသည်။

ရေငတ်နေကြတဲ့လူပမာ အသဲအသန်နမ်းနေကြပြီး အသက်ရှုဖို့ပေမေ့သည်အထိ

အစ်မ ရဲ့ဆံနွယ်တွေကိုနမ်းနေရင်းထိုးဖွပေးကာ အစ်မ ရဲ့လက်တွေသည်လည်း ကျွန်တော့်ရှေ့ဆံပင်ကို တစ်ချက်ချက်သပ်သပ်‌တင်ပေးသည်။

ကျွန်တော်တို့ယခုအနေအထားသည် အစ်မ ကမတ်တပ်ရပ်နေလျက်ငုံ့ကာနမ်းနေရပြီး ကျွန်တော် ကကုတင်ပေါ်မှာပေ။ ဒါကိုအားမလိုအားမရဖြစ်လာသော အစ်မ သည်ကျွန်တော့်ပေါင်ပေါ်ခွထိုင်ကာ လည်ပင်းကိုသိုင်းပြီး သူမ ဖြစ်စေချင်တဲ့ပုံစံကိုပုံဖော်နေသည်။

ကျွန်တော်သည်အသက်ပြည့်ပြီးသားယောကျာ်းလေးတစ်ဦးဖြစ်သည့်အတွက် အစ်မ ရဲ့အနမ်းတွေသည် ကျွန်တော့်ရဲ့စိတ်ကိုကြွစေခဲ့သည်။

100%LoVe + 0%moneyWhere stories live. Discover now