100%LoVe + 0%money

404 48 15
                                    

Unicode //

Part-12

‌ကျောင်းကိုရောက်တော့ အခန်းမှာရုတ်ရုတ်သဲသဲဖြစ်နေတာကိုတွေ့လိုက်တောကြောင့် တိုးနေကြတဲ့လူတွေကိုဖယ်ပြီး ကြည့်လိုက်တော့ ရိန်း တို့အဖွဲ့ဟာ ယွမ်ထယ် ကိုထိုးကြိတ်နေတာကိုတွေ့လိုက်ရသည်။

အမြန် ယွမ်ထယ် ဆီပြေးသွားပြီး ရိန်း ကိုတွန်းဖယ်လိုက်ကာ ယွမ်ထယ် ပုခုံးကိုကိုင်ပြီးထစေလိုက်သည်။

" မင်း စောက်လုပ်မဟုတ်ဘူး ဖယ်စမ်း "

ရိန်း ကာကျွန်တော့်ပုခုံးကိုတွန်းဖယ်ပြီး ပြောလာသည်။ ကျွန်တော့် ပုခုံးပေါ်ကရိန်းလက်ကိုပြန်ကိုင်ကာ

" ငါ့သူငယ်ချင်းကိုထိတာငါ့ကိုထိတာထက်ပိုခံစားရတယ် "

ရိန်း ရဲ့လက်ကိုဖယ်ထုတ်လိုက်ပြီး ယွမ်ထယ် ကိုဖက်ကာ ခုံပေါ်သွားထိုင်ဖို့ပြင်လိုက်သည်။

" မင်း တို့ကိုဘယ်သူပေးထိုင်လဲ "

ကျွန်တော်တို့ရဲ့ထိုင်ခုံကိုကုန်ထုတ်ပြီးပြောလာတဲ့ ရိန်း ကိုတစ်ချက်ကြည့်ပြီး

" ဒီအကြည့်ကို တစ်စိမ့်စိမ့်ကြည့်ပြီးမှတ်ထား မင်းအဖေကိုရော မင်းကိုရောဘယ်လို ငါ ဆွဲချပြမလဲဆိုတာ "

ကျွန်တော့်စကားအဆုံးတွင် ရိန်း ရဲ့လက်သီးသည် ကျွန်တော့်မျက်နှာပေါ်ရောက်လာခဲ့သည်။ ရှောင်လို့ရတဲ့အနေအ‌ထားပေမယ့် မရှောင်ဘဲ ငြမ်ခံနေလိုက်သည်။ ရိန်း ရဲ့မျက်လုံးတွေတွင်တုန်လှုပ်နေသောပုံများကိုတွေ့လိုက်ရတာကြောင့် သဘောတကျရယ်လိုက်မိသည်။

" ရိန်း ဒီကောင်ရူးနေပြီးထင်တယ် "

ရိန်း သူငယ်ချင်းစကားကို ရိန်း ကထောက်ခံဟန်ပြုပြီး ယွမ်ထယ် ဘက်ကိုပြန်လှည့်ကာ

" မင်း အဲ့ group owner ကဘယ်သူလဲဆိုတာမင်း ပါးစပ်က ထွက်မလား ငါ မင်းအသက်ထွက်အောင်လုပ်ရမလား "

ရိန်း စကားကြောင့် ယွမ်ထယ် ကိုနားမလည်သလိုကြည့်လိုက်တော့ ယွမ်ထယ် ကကျွန်တော့်ကိုပြန်ကြည့်လာပြီး ရိန်း ဘက်ကိုတစ်ဖန်ပြန်လှည့်ကာ

" ငါ... ငါ တကယ်မသိတာပါဆို ဒီတိုင်း ငါ က ရူဘီဂျိန်း ဖန်ဖြစ်နေလို့ group ထဲဝင်ရုံဘဲ "

100%LoVe + 0%moneyWhere stories live. Discover now