100%LoVe + 0%money

396 47 14
                                    

Unicode //

Part-23

အမူးလွန်ပြီး အိပ်ပျော်နေတဲ့ အစ်မ ကို အိုင်ရင်းအွန်နီးကအဝတ်တွေလဲပေးပြီးပြန်ထွက်သွားသည်။

" နိုးလာရင် ပြဿနာရှာတော့မယ် အဆင်သင့်ပြင်ထားတော့ ဂျီဆူး "

အိုင်ရင်း အွန်းနီးစကားကြောင့်ရယ်လိုက်ပြီး

" အပြစ်လုပ်ထားတာကျွန်တော်ဆိုတော့ ရစ်သမျှခံရမှာပေါ့ "

အွန်နီး ထွက်သွားတော့မှတံခါးကိုပိတ်ကာ ကုတင်ပေါ်အိပ်နေတဲ့ အစ်မ ဘေးတွင်ဝင်ထိုင်လိုက်သည်။

ချွေးအနည်းငယ်စို့နေတဲ့ အစ်မ နှာဖူးကချွေးတွေကိုလက်ဖမိုးနဲ့ခပ်ဖွဖွသုတ်ပေးပြီး အစ်မ နှာဖူးလေးကိုပါနမ်ူလိုက်သည်။

" မောင့် ကြောင့်အများကြီးငိုလိုက်ရပြီး Good night  ချစ်တယ် အစ်မ "

လို့ပြောပြီး အစ်မ ဘေးနားမှာဘဲလှဲကာအိပ်လိုက်သည်။
.
.
.

သန်းခေါင်ချိန် ရေငတ်လာတာကြောင့်ထဖို့ပြင်တုန်း တစ်စုံတစ်ယောက်အနားမှာရှိနေတဲ့ဆိုတဲ့ခံစားချက်ကြောင့် ဘေးကိုတစ်ချက်ကြည့်လိုက်တော့ အိပ်ပျော်နေတဲ့ မောင့် ကိုတွေ့လိုက်ရသည်။

‌ခုနကရေသောက်ချင်စိတ်ဟာပျောက်သွားပြီး မောင့် ရင်ခွင်ထဲဝင်ချင်စိတ်သာပေါ်လာတာကြောင့် မောင့် ရင်ဘတ်ကိုကျွန်မရဲ့ခေါင်းတင်ကာ မောင့် ကိုဖက်ထားလိုက်သည်။

မောင့် လက်တွေကကျွန်မကိုပြန်လည်ဖက်လာပေမယ့် မောင် ဟာနိုးနေတာမဟုတ်ပေ။ မောင့် ရဲ့အလိုလျောက်တုန့်ပြန်မှုလို့ပြောရမယ်။ မောင် ပြောဖူးသလို မောင့် ခန္ဓာကိုယ်ဟာကျွန်မပိုင်သူမို့ ပိုင်ရှင် ရဲ့ထိတွေ့မှုကို မောင့် လက်တွေဟာသိနေသလို။

မောင့် မေ့စေ့လေးကိုတစ်ချက်မော့နမ်းကာ

" အများကြီးပင်ပန်းသွားပြီး ချစ်တယ် မောင် "

__________ ____

နိုးလာတော့လေးလံသလိုခံစားမိ၍ကြည့်လိုက်တော့ ကျွန်တော့် ကိုယ်ပေါ်တက်ပြီးအိပ်နေတဲ့ အစ်မ

အစ်မ မျက်နှာလှလှကိုမြင်ရဖို့ ဖုံးကွယ်ထားတဲ့ဆံပင်တွေကိုဖယ်လိုက်တော့ ကလေးတစ်ယောက်လိုအိပ်ပျော်နေတဲ့ အစ်မ ရယ်ပါ

100%LoVe + 0%moneyWhere stories live. Discover now