My birthday present 💐

487 37 13
                                    

Bonus Part ~

Unicode //

" ပါးပါး "

ကင်မ်အယ်လာလေးက ဂျီဆူး ရဲ့ကိုယ်ပေါ်တက်အိပ်‌ရာကနေ သူ့အဖေမျက်နှာကိုမော့ကြည့်ပြီးခေါ်လာသည်။

" ဗျာ "

" မားမား နဲ့ပါးပါးတို့ကအရမ်းချစ်တာကြတဲ့ မီးမီး သူငယ်ချင်းတွေရဲ့အမေ‌ေတွ‌ေပြာပြတယ် "

" ဒါပေါ့ နောက်ပြီး ပါးပါးတို့ကလည်း မီးမီးတို့ကိုအရမ်းချစ်တာလေ "

အဲ့တော့မှကျေနပ်သွားဟန်နဲ့ပြုံးပြီးကျွန်တော့်ကိုယ်ပေါ်ပြန်မှောက်ချပြန်ရဲ့

တကယ်ပါဘဲ အယ်လာလေး ဟာ အစ်မ နဲ့တော်တော်တူသည်။ အမြဲဘေးနားမှသူအမေနဲ့အပြိုင်ကပ်ချွဲနေသည်။

ဟိုတစ်နေ့ကဆို သူ့အမေနဲ့အပြိုင်ပါလုနေသည်။

ဖြစ်ပုံက ကလေးတွေကတစ်ယောက်တည်းအိပ်နိုင်တဲ့အရွယ်ရောက်လာပြီးမို့အခန်းခွဲကာအိပ်ကြသည်။ ကျွန်တော်နဲ့အစ်မ ကသက်သက်စီအိပ်ကာ ကလေးနှစ်ယောက်ကိုတစ်ခန်းပေးအိပ်သည်။

အဲ့နေ့ညက အစ်မ ကကျွန်တော့်ရင်ခွင်ထဲဝင်ပြီးစာအုပ်ဖတ်ခိုင်းလေသည်။

" မောင် စာအုပ်ဖတ်ပြ "

" ဖတ်ပြမှာပေါ့ဗျာ "

ကျွန်တော့်စကားဆုံးတာနဲ့ အစ်မ ကသူ့လက်ထဲကစာအုပ်လေးကိုကမ်းပေးပြီး ကျွန်တော့်ရင်ခွင်ထဲအတင်းဝင်ကာမှီထားသည်။

ဖတ်ပြနေရင်းတစ်ဝက်အရောက်

" ပါးပါး ရေ "

ဟုအသံသေးသေးလေးနဲ့အခန်းဝကထွက်လာတာမို့ တံခါးဝကိုနှစ်ယောက်သားကြည့်လိုက်ကြတော့ အယ်လာလေးကသူ့ကာတွန်းစာအုပ်လေးပိုက်ကာကျွန်တော်တို့ကုတင်ဆီကို ပြေးလာသည်။

" အင့် "

အစ်မ ကကြောင်ပြီးကြည့်နေတာကိုအခွင့်ကောင်းယူပြီး အလယ်မှာအနည်းငယ်လွတ်နေတဲ့နေရာလေးဆီကိုခုန်ကာတိုးလာသည်။

" ပါးပါး မီးမီးကိုဒီဟာလေးဖတ်ပြ "

သမီးလေးပြတဲ့ စာအုပ်သည် စင်ဒရဲကာတွန်းစာအုပ်လေးပေ

100%LoVe + 0%moneyWhere stories live. Discover now