100%LoVe + 0%money

405 44 13
                                    

Unicode //

Part -24

ပုခုံးပေါ်မှီပြီးအိပ်နေတဲ့ အစ်မ ကို‌ပြုံးပြီးကြည့်ကာ အစ်မ နှာဖူးကိုတစ်ချက်နမ်းလိုက်သည်။

လေယာဉ်မှန်တစ်ဖက်ကနေမြင်နေရတဲ့တိမ်တွေကိုကြည့်ပြီးအကြံရကာ ဖုန်းကိုထုတ်ဖို့လုပ်ပေမယ့် အစ်မ နိုးသွားမှာကြောက်လို့ အစ်မ လက်ပေါ်က အစ်မ ဖုန်းလေးကိုသာယူပြီး တိမ်ပုံလေးရိုက်ယူလိုက်သည်။ ပြီးမှ ကျွန်တော့်ပုခုံးပေါ်အိပ်နေတဲ့အစ်မနှာဖူးကိုနမ်းနေတဲ့ပုံကိုပါရိုက်ယူလိုက်သည်။

ကျွန်မ လက်ကိုဆုပ်ကိုင်ထားတဲ့ မောင့် လက်တွေကိုတစ်ချက်နမ်းပြီး မောင့်ခေါင်း‌လေးကိုယူကာပုခုံးပေါ်တင်ပေးလိုက်သည်။

" အရမ်းချစ်ဖို့ကောင်းတာဘဲ "

မောင့် ပါးလေးကိုလက်ညိုးနဲ့တို့ပြီးပြောလိုက်တော့ မောင် ကမျက်လုံးပိတ်ရက်ကျွန်မလက်ကိုကိုင်ကာကျွန်မရင်ခွင်ထဲဝင်ပြီးချွဲလာသည်

" မောင် အိပ်ရေးမဝသေးဘူးရယ် "

မောင် ခေါင်းလေးကိုပုတ်ပေးပြီး

" အစ်မ ဘေးမှာဘဲရှိမှာမို့ စိတ်ချလက်ချအိပ်တော့ "

.
.
.

လေယာဉ်ဆိုက်ပြီးဆိုတာနဲ့ မီဒီယာသမားတွေကတိုးကြိတ်စွာ

" အစ်မ ကျွန်တော့်လက်မောင်းကိုမြဲအောင်ကိုင်ထားနော် "

လူအုံ့ကြီးကိုကြောက်နေတဲ့ အစ်မ ကိုဖက်ထားပြီး ပြောလိုက်သည်။

" မြို့တော်ဝန် လျွမ်ချွန်း ကိစ္စနဲ့ပတ်သတ်ပြီးတစ်ခုခုပြောပါအုံး "

တဖြေးဖြေးပိုများလာတဲ့လူအုံ့ကြောင့် လုံခြုံရေးတွေလည်းသိပ်မနိုင်တော့

တဖျက်ဖျက်ရိုက်နေတဲ့ကင်မရာကြောင့် အစ်မ ဟာသူမမျက်နှာကိုကျွန်တော့်ရင်ဘတ်ထဲထည့်ထားသည်။

ကျွန်တာ်ဝတ်ထားတဲ့ကုတ်ရှည်ထဲ အစ်မ ကိုထည့်လိုက်တော့ အစ်မ ကမော့ကာကြည့်လိုက်သည်။

" တခြားကိုအားရံုမထားဘဲ မောင့် ရင်ခုန်သံကိုဘဲနားထောင်ထားနော် "

100%LoVe + 0%moneyWhere stories live. Discover now