100%LoVe + 0%money

411 43 13
                                    

Unicode //

Part-20

ကျွန်တော့်တို့နှစ်ယောက်ရဲ့ live ကကြည့်ရှူသူမြောက်မြားစွာရရှိခဲ့သည်။

မယုံနိုင်စရာ နှာဘူးတွေဘဲ

" ဆရာ "

အတွင်းရေးမှူးယွန်းက ရုံးခန်းသို့ဝင်လာသည်။

" ဟုတ်ကဲ့ "

" ဆရာ ဟန်ဆမ်ရွာမှာရေလှောင်ကန်နဲ့ ရေကန်လုပ်ပေးလိုက်တာကို လျွမ်ချွန်း ကမကျေနပ်နေဘူးဖြစ်နေတယ်ဆရာ "

" လျွမ်ချွန်း ? "

" လျွမ်ချွန်း ဆိုတာတရုတ်နိုင်ငံရဲ့ထိပ်တန်းစီးပွားရေးသမားပါဆရာ "

" သူနဲ့ဟန်ဆယ်ရွာကဘာဆိုင်လို့တုန်း "

" သူက ဟန်ဆယ်ရွာမလှမ်းမကမ်းမှာ ရေထုတ်တဲ့စက်ရုံတည်ထောင်ထားတာ  ရွာသားတွေအားလုံးကသူ့ဆီကနေဘဲဝယ်ကြတယ်လေ အခုလိုဆရာကရွာသားတွေတွက်လုပ်ပေးလိုက်တော့ သူကသူ့စီးပွားရေးထိခိုက်တယ်ဆိုပြီးပြဿနာရှာနေတယ် "

အတွင်းရေးမှူးယွန်း စကားကြောင့်နှာခေါင်းရိုးကိုလက်နဲ့ကိုင်ပြီးစုတ်တစ်ချက်သက်လိုက်သည်။

" ကျစ် သူနဲ့တွေ့ဖို့တစ်ချက်ချိတ်လိုက် "

" ဟုတ်ကဲ့ သွားခွင့်ပြုပါအုံး "

ခေါင်းညိမ့်ပြလိုက်ပြီး အတွင်းရေးမှူးယွန်းထွက်လာတာနဲ့ ခေါင်းကိုအနောက်ကိုလှန်ပြီးမျက်လုံးကိုမှိတ်ထားမိသည်။

ပင်ပန်းလိုက်တာ မြို့တော်ဝန် လုပ်ရတာလည်း

" မောင် "

ရုတ်တရက်အစ်မခေါ်သံကိုကြားလိုက်ရတာကြောင့် ဆက်ကနဲ ခေါင်းထောင်ပြီးကြည့်လိုက်တော့

" အစ်မ ဘယ်ကနေဘယ်လို "

" မောင့် ဆီကိုဘဲလာတာ ဒါနဲ့ မောင် နေမကောင်းဘူးလား "

ခုံပေါ်မှာထိုင်နေဆဲဖြစ်တဲ့ကျွန်တော့်နားကိုလာကာ ကျွန်တော့်နှာဖူးကိုစမ်းလာတဲ့ အစ်မ လက်ကိုကျွန်တော့်လက်နှစ်ဖက်နဲ့ပြန်ဆုတ်ကိုင်ပြီး မတ်တပ်ရပ်နေတဲ့ အစ်မ ရဲ့ရင်ခွင်ထဲကိုဝင်လိုက်တော့ အစ်မ ကကျွန်တော့်ဆံပင်တွေကိုသပ်‌ေပးလိုက်သည်။

100%LoVe + 0%moneyWhere stories live. Discover now