100%LoVe + 0%money

399 59 4
                                    

Unicode //

Part-4

‌ရုံးခန်းထဲမှာ ငြိမ်ငြိမ်မနေဘဲ တောင်လျှောက်လိုက်မြောက်လျှောက်လိုက်လုပ်နေတဲ့ ရူဘီ ကြောင့်မျက်စိနောက်ရသည်။

သူအခုတလောဘာတွေတွေးနေမှန်းမသိ အရင်ကနဲ့မတူလာတာတော့အကုန်လုံးသတိထားမိကြပြီး။

" ရူဘီ ဘာတွေဖြစ်နေတာလဲ "

" ဒီနေ့ညစာစားဖို့ဆိုပြီး ဂျွန်ဟွန်း ဖိတ်ထားတယ်"

" အော် ဘာများခက်ခဲလို့လဲ "

" မသွားချင်ဘူး သွားမိရင် dating newဆိုပြီးထွက်လာအုံးမယ် "

" ရူဘီဂျိန်း ယောကျာ်းလေးတစ်ယောက်ယောက်နဲ့တွဲသွားရင် ဒိတ်နေကြပါတယ်ဆိုပြီးမီဒီယာတွေကပြောမှာဘဲကို အထူးဆန်းလုပ်လို့  "

" တကယ့်ဟာတွေ ၅ နှစ်သားကလေးနဲ့တွဲသွားရင်တောင် ဒိတ်နေတယ်လို့မပြောကြတာဘဲကျေးဇူးတင်ရမလို "

ရူဘီ့ စကားကြောင့် အိုင်ရင်း အော်ရယ်မိသည်။ ရူဘီ ပြောတာလည်းဟုတ်သား မီဒီယာသမားတွေက သူတို့ဘဝရှေးရေးထပ် ရူဘီ့ ရဲ့အကြောင်းကိုဘယ်လိုမဟုတ်တာဖြန့်ရမလဲလို့ဘဲစိတ်ဝင်စားကြသည်။

" အရင်တုန်းကတော့ဒါမျိုးတွေထွက်လည်း ညီမတစ်ယောက်နဲ့မှမဒိတ်တာ အဲ့တော့စိတ်ထဲမထားဘူး အခုတော့မတူတော့ဘူးလေ "

" ဘာမတူတာလဲ အော် ဟုတ်သား နင့် ကလေးအထင်လွဲမှာစိုးလို့လား "

ပြန်မဖြေဘဲ ပြတင်းပေါက်သာကြည့်နေတဲ့ ရူဘီ ကတကယ်ကို ကလေးတစ်ယောက်ကြောင့်အကြောက်တရားတွေခံစား‌တတ်လာပြီးဘဲ

" တကယ်မသိလို့မေးတာ တွဲနေကြပြီးလား "

" ဟင့်အင်း စားသောက်ဆိုင်မှာတွေ့ခဲ့တဲ့ဟိုအပတ်ကနောက်ဆုံးတွေ့တာဘဲ "

" ဘာလဲ သူက ကောင်မလေး ရှိနေလို့ မတွေ့ကြတော့တာလား "

" မသိဘူး ညီမနဲ့ဂျီဆူး ရဲ့ဆက်ဆံရေးကအဲ့လောက်ထိမရင်းနှီးသေးဘူး သွားတွေ့ဖို့ကအကြောင်းပြချက်ရှာမရလို့ "

" ချစ်သူရည်းစားတော့မရှိလောက်ပါဘူး ရှိရင် လီဆာ ဟိုတစ်ခါကတည်းကပြောပြမှာပေါ့ "

100%LoVe + 0%moneyNơi câu chuyện tồn tại. Hãy khám phá bây giờ