100%LoVe + 0%money

410 43 13
                                    

Unicode //

Part-15

သတင်းခေါင်းစဉ်တွေ မောင်နဲ့ကျွန်မရဲ့ပုံတွေတက်လာပြီး တစ်ချို့ကအားပေးကြသလို တစ်ချို့ကလဲ မောင် ကကျောင်းသားဖြစ်နေသည့်အတွက် ကျွန်မနဲ့သဘောမတွေ့ကြပေ။

" အွန်နီး တို့ပုံတွေတက်လာတယ် group မှာ "

လီဆာ ကသူဝင်ထားတဲ့ group ကပုံတွေကိုပြလာပြန်သည်။ မကြည့်ပြန်လည်းနားပူတာမို့ယူကြည့်လိုက်တော့ မောင် နဲ့ကျွန်မပုံတွေကသဘောကျချင်စရာပေ

" လီဆာ အွန်နီး ကိုအဲ့ပုံတွေပို့ပေး "

" အိုကေ အခုပို့လိုက်မယ် "

ရောက်လာတဲ့ပုံတွေကိုကြည့်ပြီး သဘောအကျဆုံးဖြစ်ရတဲ့ ပုံ လေးကိုwallpaperထားလိုက်သည်။

ထိုပုံသည် မောင် ကပြည်သူတွေကိုမဲဆွယ်ပြီးမိန်းခွန်းပြောနေပြီး ကျွန်မ ကမောင့်ကိုအရိပ်တကြည့်ကြည့်ကြည့်ကာ ကြည်နူးဂုဏ်ယူနေသောပုံပေ။

ကိုယ့် Wallpaper ကိုသဘောတကျကြည့်နေရင်းကနေ မောင့် ဆီကဖုန်းလေးဝင်လာသည်။

" အစ်မ အိပ်တော့ဖို့လား "

" ခနနေအိပ်တော့ဖို့ "

" မနေ့ကအတွက်ကျေးဇူးနော် "

" ရပါတယ်ရှင် ဒီနေ့တော့ အစ်မ မလာနိုင်လိုက်ဘူး ရိုက်ကူးရေးရှိနေလို့ "

" မနေ့ကတစ်ရက်ဘဲလာတာနဲ့တင်ကျေနပ်နေပါပြီးဗျာ "

" ဒါနဲ့ အစ်မ တို့ပုံတွေကို dear my wifey group မှာတင်ထားတယ်သိလား "

အစ်မ ဆီကနေအဲ့ group နာမည်ကြားလိုက်ရတာကြောင့် အံ့ဩပြီး

" အစ်မ က Facebook သုံးလို့လား "

" ဟင့်အင်း လီဆာ ပြတာ လီဆာ အဲ့ gp ကိုဝင်ထားတယ်လေ "

" အော် "

ကျွန်မ fake acc နဲ့ gp ထဲ ဝင်ထားတာကိုတော့မပြောပြဘဲထားထားလိုက်သည်။

" အိပ်ပျော်အောင်အိပ်အစ်မ အာဘွား "

" အာဘွား ချစ်တယ် မောင် "
.
.
.

ကျွန်တော် မဲဆွယ်ပွဲစတဲ့အချိန်ကစပြီး အိမ်နေရာပြောင်းနေခဲ့ရသည်။ အဲ့တာက ဦးလေးဂျွန်ရဲ့အိမ်ကိုပေ။ ဦးလေးဂျွန်သည် ကျွန်တော့်အဖေရဲ့ငယ်သူငယ်ချင်းဖြစ်ပြီး ကျွန်တော့်အရည်အချင်းကိုအရမ်းယုံကြည်သူလည်းဖြစ်သည်။

100%LoVe + 0%moneyWhere stories live. Discover now