100%LoVe + 0%money

347 50 11
                                    

Unicode //

Part -8

ညကတစ်ညလုံး အိပ်မပျော်တာကြောင့် မနက်အလုပ်တွင်ခေါင်းတွေမူးနေသည်။

" ဂျီဆူး နေမကောင်းဘူးလား "

" ကောင်းပါတယ် အန်တီ ခေါင်းနည်းနည်းမူးနေလို့ "

" အန်တီ ထိုင်နေကြကောင်တာမှာ ဆေးပုံးရှိတယ် ယူသောက်လိုက် "

" ဟုတ်ကဲ့ "

လို့ပြောကာ ကောင်တာ ဆီသွားပြီး ဆေးကိုယူကာသောက်လိုက်သည်။

" ဂျီဆူး မင်းဧည့်သည် "

လက်ညိုးထိုးပြတဲ့နေရာကို‌ကြည့်လိုက်တော့ မနေ့ကကျွန်တော့်ကိုမျက်ရည်ကျအောင်လုပ်နိုင်ခဲ့သော အစ်မ ပေ

စာအုပ် နဲ့ဘောပင်ကိုယူပြီး အစ်မ ဆီသွားကာ

" ဘာသုံးဆောင်မလဲ မဒမ် "

မဒမ် လို့သုံးလိုက်တာကြောင့် အစ်မ သည် ကျွန်တော့်ကို တအံ့တဩမော့ကြည့်လာသည်။

" ဟို စကားခနပြောလို့ရမလား "

" မဒမ် မှာချင်တာမရှိသေးရင်သွားခွင့်ပြုပါ "

ထွက်သွားသောကျွန်တော့်လက်ကို အစ်မ သည်အရင်ကအတိုင်းဆွဲကိုင်ထားပြန်သည်။

" ဘာလိုလို့လဲ မဒမ် "

ငိုမဲ့မဲဖြစ်လာသောအစ်မရဲ့မျက်နှာသည် ကျွန်တော့်စိတ်ကိုပျော့ညံ့စေပြန်သည်။

" ကျွန်...ကျွန်တော့် မှာပြောစရာမရှိတော့ဘူး "

" အစ်မမှာ ရှိတယ် အစ်မ ပြောတာလေးဘဲ နားထောင်ပေးနိုင်မလား "

" ခနနေကျွန်တော်ကျောင်းသွားတော့မယ် အပြင်မှာထွက်စောင့်နေလိုက် အစ်မ "

ဘယ်လောက်ဘဲနာကျင်စေကာမူ ကျွန်တော် သည် အစ်မ စကားကိုငြင်းပယ်နိုင်စွမ်းမရှိပေ။
.
.
.

" ဘာပြောမှာလဲ အစ်မ "

ကားဘေးမှာမှီပြီးရပ်နေတဲ့ အစ်မ ကိုမေးလိုက်တော့

" ညက "

" ဟုတ် "

" ညက ဘာလို့မဆွဲထားခဲ့တာလဲ "

" ကိုယ်ဆွဲတိုင်းသာမလွတ်ကျဘူးဆိုရင် အကုန်လုံးကိုယ်ချစ်တဲ့လူနဲ့ဘဝတည်ထောင်နေကြပြီး "

100%LoVe + 0%moneyWhere stories live. Discover now