100%love+0%money

440 62 3
                                    

Unicode //

Part-2

အလုပ်ကနေပြန်လာတဲ့အချိန်က ၁၁ ကျော်နေပြီးမို့ ရေမြန်မြန်ချိုးပြီးခေါက်ဆွဲပြုတ်သာပြုတ်စားလိုက်သည်။

သူများတွေရဲ့အိမ်စာတွေကိုအရင်ရေးပေးပြီးမှ ကိုယ့်အိမ်စာကိုယ်ပြန်လုပ်ရသည်။ စာလုပ်ပြီးလို့နာရီကြည့်လိုက်တော့ ၂ နာရီပင်ထိုးနေပြီး

အိပ်ဖို့ကြိုးစားကြည့်သော်လည်း မနက်ကတွေ့ခဲ့ရသည့် အမျိုးသမီးရဲ့ပုံသည်အသိစိတ်ကိုလွှမ်းမိုးနေပြန်သည်။

အိပ်ယာမှကုန်းထပြီး စာရွက်ဖြူတစ်ခုကိုကောက်ယူပြီး ခဲတံကိုင်ကာပုံတစ်ပုံကိုစိတ်ဝင်တစားဆွဲနေမိသည်။

ထိုပုံသည် အမျိုးသမီး ရဲ့ပုံ ၊ ကျွန်တော့်နှလုံးသားကိုကျောက်ဆူးကြိုးတွေနဲ့ရစ်ပတ်ခဲ့တဲ့အမျိုးသမီးငယ်ရဲ့ပုံပင်

ပုံကိုအချောသတ်‌ပြီးနောက် အမျိုးသမီးရဲ့ပုံကိုသဘောတကျပြန်ကြည့်ပြီး

" ငွေကြေးတတ်နိုင်သူတွေက အစ်မ ပုံတွေကို အင်တာနက်ကနေရှာဖွေပြီးသူတို့ကိုယ်ပိုင်ဖုန်းမှာသိမ်းထားနိုင်သလို အစ်မပုံကိုခိုးရိုက်ပြီး‌ေတာ့လည်းသိမ်းထားနိုင်တယ် ကျွန်တော့်လိုလူကတော့ အစ်မ ပုံကိုဒီပန်းချီကားလေးထဲမှာဘဲသိမ်းထားနိုင်တယ်  ကျွန်တော်မြတ်နိုးရတဲ့ပန်းချီဆွဲခြင်းအနုပညာမှာ အစ်မ ကပထမဦးဆုံးမိန်းကလေးမော်ဒယ်ဖြစ်ပေးခဲ့တယ်...
Good night ပါ တစ်ကြိမ်တစ်ခါလောက်အစ်မရဲ့ရှေ့တည့်တည့်မှာရပ်ပြီးစကားပြောကြည့်ခွင့်ရချင်တယ် "

______________ ______

" ဒီကောင်လေး အကြောင်းအသေးစိတ်စုံစမ်းပေး "

မနေ့မနက်ကရိုက်ယူခဲ့တဲ့ ချာတိတ် ရဲ့ပုံကိုမန်‌ေနဂျာ ကိုပြပြီးပြောလိုက်သည်။

" ဟုတ်ကဲ့ စုံစမ်းခိုင်းလိုက်ပါ့မယ် မနက်ဖန်ကျရင်အသေးစိတ်တင်ပြပါ့မယ် "

" ဒီနေ့ ဒီနေ့ချက်ချင်းဘဲ သူ့အကြောင်းအကုန်သိချင်တယ် "

" ဒီနေ့ချက်ချင်းကြီးကျတော့ ရူဘီ "

ပြောပြီးထထွက်သွားတဲ့ ဂျိန်းရူဘီ ကြောင့် မန်နေဂျာဖြစ်သူခေါင်းခဲသွားရသည်။ ဂျိန်းရူဘီ ကဒီနေ့ချက်ချင်းသိချင်တယ်ဆိုတာကြောင့်အမြန်ပင်ဖုန်းနံပါတ်တစ်ခုကိုကောက်ဆက်လိုက်သည်။

100%LoVe + 0%moneyWhere stories live. Discover now