100%LoVe + 0%money

413 55 8
                                    

Unicode //

Part-3

ဒီနေ့လည်း ညအိပ်မရအောင် အစ်မ ကလုပ်လိုက်ပြန်ပါပြီး။ ဘာကြောင့် အစ်မ သည်ကျွန်တော့်ကိုအဲ့လိုဆက်ဆံရတာလည်းဆိုတာမေးခွန်းထုတ်စရာဖြစ်နေသည်။

အစ်မ သည်အောင်မြင်‌ကျော်ကြားသောအဆိုတော်တစ်ယောက်ပင်။ ကျွန်တော့်ဆီကမည်သည့်အရာကိုအလိုရှိနေသနည်း။

" အစ်မ ကတကယ့်ကိုချစ်ဖို့ကောင်းပြီး စိတ်ဝင်စားစရာကောင်းတဲ့လူသားသက်ရှိလေးဘဲ "

အစ်မ ရဲ့ပုံတူလေးကိုကြည့်ပြီးတီးတိုးပြောဆိုပြီးနောက်အိပ်စက်ခြင်းသို့ဦးတည်လိုက်သည်။

_____________ ______

ချာတိတ် သည်အနီးကပ်ကြည့်လေပိုပြီးကြည့်ကောင်း‌ေလ‌ေလပင် ။ မရင်းနှီးတဲ့လူတစ်ယောက်ကိုတရင်းတနှီးစကားပြောတတ်တဲ့ ချာတိတ် ကတခြားမိန်းမလှတွေကိုလည်းအဲ့လိုပြုမူဆက်ဆံတတ်တာလားဆိုပြီးတွေးမိကာ စိတ်ဆိုးမိပြန်သည်။

" ရူဘီ "

အိမ်ထဲသို့ဝင်ဝင်ခြင်း အိုင်ရင်း Unnie ရဲ့ခေါ်သံကြောင့်လန့်ပြီးတုန်တက်သွားသည်။

" Horror movie ရိုက်ဖို့စဉ်းစားသင့်ပြီးunnie "

" ဘာလို့လဲ "

" လူကို အလန့်တကြား လုပ်နိုင်လို့လေ "

နှာခေါင်းပွတ်ပြီးပြောလိုက်တော့ unnie ကမျက်မှောင်ကျုံ့သွားပေမယ့် လီဆာ ကတော့အော်ရယ်တော့သည်။

" အပိုလုပ်မနေနဲ့ နင့်ဟာနင် ဘာအလိုမကျလဲမသိ နှုတ်ခမ်းစူပြီးဝင်လာပြီးတော့ "

" ဘယ်...ဘယ်မှာ စူ လို့တုန်း "

" ဟုတ်တယ် unnie နှုတ်ခမ်းစူပြီးဝင်လာတာ လီလီ လည်းတွေ့တယ် "

အလုပ်မှာဆို ရူဘီဂျိန်း ကိုဖင်တုန်အောင်ကြောက်လှတဲ့နှစ်ကောင်လုံး အိမ်မှာတော့အခုလိုပေါင်းပြီးအနိုင်ကျင့်တတ်ကြသေးသည်။

ဟွန့် ဒီအကြောင်းကို ချာတိတ်နဲ့ချစ်သူဖြစ်မှတိုင်ပြောရအုံးမယ်

" တော်ပြီး ရေချိုးတော့မယ် "

" အိုကေပါ လီလီတို့ညစာပြင်ထားလိုက်မယ် "

100%LoVe + 0%moneyWhere stories live. Discover now