100%LoVe + 0%money

355 44 11
                                    

Unicode //

Part-16

" မြို့တော်ဝန် ရှင့် "

စာရွက်စာတမ်းတွေထဲခေါင်းမြုပ်နေတဲ့ မောင့် ကိုခေါ်လိုက်တော့ မောင် ကပြာပြာသလဲတံခါးဝကိုကြည့်လိုက်သည်။

ဆံပင်တွေပွနေတာကြောင့် မောင့် ဆံပင်ကိုသေချာပြန်သပ်တင်ပေးပြီး

" အစ်မ "

" ကြည့်အုံး အစ်မ ကောင်လေးအလုပ်ကိုအရမ်းကြိုးစားရှာနေတာဘဲ "

မျက်နှာသိပ်မကောင်းတဲ့ မောင့် ကြောင့်

" ဘာအဆင်မပြေလို့လဲ မောင် "

" မောင် တို့သွားခဲ့တဲ့ဟန်ဆယ်ရွာမှာ ရေရှားပါးတယ်လေ "

" အမ်ဟမ် "

ဟန်ဆယ်ရွာကတကယ်ကိုရေရှားတဲ့ရွာလေး ကျွန်မတို့သွားတုန်းကရေအရမ်းရှားလို့ ရေချိုးရင်တောင်စကေးနဲ့ချိုးရသည်။

" အဲ့တာ မောင် ကရွာသူရွာသားတွေကိုရေအပြည့်အဝရစေချင်တယ် လယ်သမားဖြစ်တဲ့သူတို့တွက်ရေကအဓိကလေ "

" မကြာခင် မိုးရာသီရောက်တော့မယ်မလား ရေလှောင်ကန်ကြီးတစ်ခုတည်ထားရင်ရော နောက်ပြီး တစ်ချို့နေရာမှာမြေလွတ်တွေတွေ့ခဲ့တယ် အဲ့မှာရေကန်ကြီးတူးရင်ရော "

" မောင် လည်းအဲ့လိုတွေးမိတယ် ဒါပေမယ့် ဟန်ဆယ်ရွာအတွက်ငွေကြေး budget ကထင်လောက်မများနေဘူး "

" ဒါလေးများ အစ်မတို့တွေ ရွာသားတွေနဲ့တူတူ တူးကြတာပေါ့ မြို့တော်ဝန်ကိုယ်တိုင်ရေကန်တူးဖော်တာပြည်သူတွေသိရင် စေတနာ့ပြည်သူတွေလာဝိုင်းကူကြမှာပေါ့ "

ကျွန်မစကားကိုကြားမှ မောင့် မျက်ဝန်းတွေကအရောင်လက်သွားပြီး

" မောင့် ကောင်မလေးကတော်လိုက်တာ "

" ကယ် ပြောဘယ်တော့အကောင်ထည်ဖော်မလဲ"

" မနက်ဖြန် ဖြစ်နိုင်ရင်အခုချက်ချင်းတောင်ကောက်လုပ်ချင် "

" မောင် ကအခုလုပ်ချင်ရင် အစ်မ နဲ့တူတူအခုသွားတာပေါ့ "

ထိုင်ရာကနေမတ်တပ်ရပ်ပြီး ကျွန်တော့်ကိုပြောလာတဲ့အစ်မကြောင့်

100%LoVe + 0%moneyTahanan ng mga kuwento. Tumuklas ngayon