100%LoVe + 0%money

369 41 9
                                    

Unicode //

Part-17

အစ်မ ရောကျွန်တော်ရောအခုတလောအလုပ်တွေပို၍ရှုပ်နေကြသည်။ အစ်မ ကလည်းသူမရဲ့သီချင်းအသစ်အတွက်ပိုမိုကောင်းမွန်တဲ့အစီအစဉ်တွေရေးဆွဲပြီး အစ်မ ရဲ့ပရိသတ်တွေကိုဒီထက်ပိုမိုချပြချင်တာကြောင့် နေ့စဉ်ရက်ဆက်အလုပ်ကြိုးစားနေသည်။ ကျွန်တော် လည်းပြည်သူတွေကိုအဓိကထားပြီး ပြည်သူတွေလိုအပ်သည်ကိုအသေးအဖွဲကအစ လိုက်ပြီးဂရုစိုက်ဖြည့်စည်းပေးသည်။

ရုတ်တရက် ကျွန်တော့်မိဘတွေကိုတွေးမိသွားတာကြောင့် ချက်ချင်းပင် အတွင်းရေးမှူးနဲ့ချိတ်ဆိတ်ထားတဲ့ ဘေးကလုံခြုံရေးတယ်လီဖုန်းကိုကောက်ကိုင်ကာ နံပါတ် ၅ ကိုနှိမ့်လိုက်တော့

" ဆရာ ဘာအလိုရှိလို့လဲရှင့် "

" ဒါရိုက်ဘာ ရွန် ကိုခေါ်ထားပြီး ကားအဆင်သင့်လုပ်ထားခိုင်းလိုက်နော် "

" ဟုတ်ကဲ့ "

ဖုန်းချပြီးတာနဲ့ အဝတ်လဲခန်းထဲဝင်ကာ ပေါ့ပေါ့ပါးပါးရှပ်အကျီတစ်ခာသာကောက်လဲလိုက်ပြီး အပြင်ကိုထွက်လာလိုက်သည်။

ကျွန်တော့်ကိုမြင်တာနဲ့ဦးညွတ်ကြတဲ့လူတွေကိုကြည့်ပြီး တစ်ချိန်ကကျွန်တော့်ကိုကျွန်တော်ပြန်မြင်မိသည်။ ကျွန်တော်သည်လည်း ဂုဏ်ဒြပ်တွေရှိလှတဲ့လူတွေရဲ့ခြေဖဝါးအောက်မှဝံ့သွားခဲ့ရဖူးတာဘဲ။ ကျွန်တော် ဒီအခြေအနေရောက်လာအောင် တိုက်တွန်းပေးသူက အစ်မ ပေ။ အစ်မ ကြောင့်သာလျှင် ကျွန်တော် ဒီအရာကိုရွေးချယ်ခဲ့တာမလား။

ကားပေါ်ရောက်တာနဲ့ ဒါရိုက်ဘာ ရွန် ကိုလိပ်စာတစ်ခုပြောပြကာမောင်းစေလိုက်သည်။ ထို့နောက် အစ်မ ဆီဖုန်းဆက်လိုက်တော့ ဖုန်းကဆက်သွယ်မှုဧရိယာပြင်ပသို့ရောက်နေသည်။
ငါးမိနစ်ခြားတစ်ခါဖုန်းခေါ်သော်လည်း တော်ရုံ ဖုန်းမအားသေးတဲ့အစ်မကြောင့် စိတ်ထဲတစ်မျိုးဖြစ်သွားမိသေးသည်။

" မြို့တော်ဝန် ရောက်ပြီးခင်ဗျ "

ကျွန်တော်ရောက်နေတာ ဈေးတစ်ခုပေ။ အသားပေါင်းစုံအနံ့တွေရောနေပြီး တစ်ချို့လူတွေရဲ့ဆဲရေးသံတွေကြားနေရသည်။

100%LoVe + 0%moneyWhere stories live. Discover now