100%LoVe + 0%money

361 39 6
                                    

Unicode //

Part-14

" မောင် အခုဘယ်မှာလဲ "

" မောင် မြို့တော်ဝန်လျှောက်ဖို့ကူညီပေးတဲ့လူနဲ့တွေ့ဖို့ "

" အော် ဟုတ် အစ်မ လည်းခနနေရိုက်ကူးရေးရှိတယ်ရယ် "

" အာဘွား အစ်မ ဒီနေ့အပင်ပန်းခံလိုက်အုံး "

" အား energy ရသွားပြီး "

ကလေးဆန်ဆန်စကားကြောင့် ကျွန်တော် သဘောတကျရယ်လိုက်မိသေးသည်။

" ဒါဘဲနော် အစ်မ "

" ဟုတ်ကဲ့ပါရှင် အာဘွား မောင် "

ခုနနေတော့ ကျွန်တော့်ကိုအကူညီပေးနေတဲ့ ဦးလေးဂျွန်ဟွန်း ရောက်လာခဲ့သည်။

" မဂ်လာပါ ဦးလေး "

မတ်တပ်ရပ်ပြီး ဦးလေးထိုင်မယ့်ခုံကိုဆွဲထုတ်ပေးပြီးနှုတ်ဆက်လိုက်သည်။

" သတင်းကောင်းဘဲ ငါ့တူ မင်းရွေးကောက်ပွဲဝင်လို့ရပြီး "

" ကျေးဇူးပါဗျာ "

" မလိုပါဘူး မဲဆွယ်စည်းရုံးရေးကျရင်ငါတို့သေချာ plan ဆွဲရမယ် "

" ဟုတ်ကဲ့ ဘယ်နေ့စမလဲ ဦးလေး "

" မနက်ဖြန် "

ဦးလေးဂျွန် နဲ့မဲဆွယ်ရေးကိစ္စတွေဆွေးနွေးပြီးအချိန်ပိုင်းအလုပ်ဆီသွားလုပ်သည်။

အခုချိန်ထိ ကျွန်တော် အချိန်ပိုင်းအလုပ်တွေလုပ်နေဆဲပေ။ ကျွန်တော်လုပ်သမျှအလုပ်ခွင်တိုင်းကိုအစ်မ ကတစ်ခါတစ်လေရောက်ရောက်လာတတ်သေးသည်။
.
.
.

" ဂျီဆူး မြို့တော်ဝန်လျှောက်ထားတယ်ဆိုတော့ မနက်ဖြန်ဆိုင်ပိတ်ပြီး မဲဆွယ်ရေးမှာပါကြတာပေါ့ "

ဆိုင်ရှင်အန်တီကြီးရဲ့စကားကိုကျန်တဲ့လူတွေကလည်းထောက်ခံပြီးအော်ဟစ်ကာပျော်နေကြသည်။

" မြို့တော်ဝန်ဖြစ်ရင် ငါတို့ဆိုင်နာမည်ထက်ကြီးပြီး မြို့တော်ဝန်လောင်းအလုပ်လုပ်ခဲ့တဲ့နေရာဆိုပြီးလာကြမှာ "

အပြန်အလှန်ပြောနေကြတဲ့စကားကြောင့် ရယ်ဘဲရယ်နေလိုက်သည်။

" ဟယ်လို အစ်မ "

" မောင် ဆိုင်မှာဘဲလား "

" ဟုတ်တယ် အစ်မ "

100%LoVe + 0%moneyWhere stories live. Discover now