100%LoVe + 0%money

383 42 7
                                    

Unicode //

Part-21

" မြို့တော်ဝန် ကငယ်ရွယ်ပြီးထက်မြက်တာမှန်ပေမယ့် ခံစားချက်ကိုအရမ်းအသားပေးလွန်းတယ် "

အခုဟာ လွှတ်တော်ရုံးအတွင်းမှာရှိနေကြပြီး လျွမ်ချွန်း ကိစ္စမှာကျွန်တော်ပါဝင်လိုက်တာကိုမကျေမနပ်ဖြစ်နေကြသည်။

" ကျွန်တော်တို့ကပြည်သူတွေရဲ့အားကိုးရာလို့ပြောလို့လည်းရတယ် အဲ့လိုလူမျိုးတွေက ကိုယ့်ကိုအားကိုးကြတဲ့ပြည်သူတွေပေါ် မေတ္တာတရားနဲ့ကိုယ်ချင်းစာတရားနဲ့ဘဲပြန်စောင့်ရှောက်သင့်တာလေ အဲ့လိုစောင့်ရှောက်မိလို့ ကျွန်တော်ကခံစားချက်ကိုအသားပေးလွန်းသူလို့ခေါင်းစဉ်တပ်ရင် လျွမ်ချွန်း ပေးတဲ့ပိုက်ဆံနဲ့ထိုင်စားနေကြတဲ့တစ်ချို့လူတွေကိုကျ ဘယ်လိုခေါ်ရမလဲ ? "

ကျွန်တော့်စကားကြောင့် အမတ်လီထယ် ဟာမျက်နှာပျက်ကာချောင်းတစ်ချက်ဟန့်ပြီး ပြန်ထိုင်လိုက်သည်။

အမတ်လီထယ် သည် လျွမ်ချွန်း စက်ရုံတည်ထောင်ထားတဲ့မြို့ရဲ့ အမတ်ပေ။ ဒါကြောင့် သူသည်လည်း လာဘ်ထိုးမှုကိုလက်ခံထားတဲ့တစ်ယောက်အပါအဝင်။

" လျွမ်ချွန်း ကဘယ်လောက်အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်မှန်းမသိလို့ အခုလို လုပ်ရတာလား "

" သူ့ဟာသူ ဘယ်လောက်အောင်မြင်မြင် ကျွန်တော့် နိုင်ငံကပြည်သူတွေကိုနိုင်ထက်စီးနင်းလုပ်လာရင် ဒီနိုင်ငံမှာခြေချဖို့မပြောနဲ့ တောင်ကိုးရီးယားရဲ့အိမ်နီးချင်းနိုင်ငံတွေမှာပါခြေမချ‌ေစချင်ဘူး ဘာလို့လဲသိလား "

ခုနကကျွန်တော့်ကိုထပြောလာတဲ့ ဘဏ္ဍာရေးဝန်ကြီးကိုပြန်မေးလိုက်တော့ သူကခေါင်းခါပြလာသည်။

" ဘာလို့ဆို သူ့နှုတ်‌ေခါင်း‌ေပါက်ကထုတ်လိုက်လေပုတ် တွေကို ကျွန်တော့်နိုင်ငံထဲအဝင်မခံနိုင်လို့ သူ့ကိုဘဲဒီတောင်ကိုးရီးယားနိုင်ငံကနေမောင်းထုတ်မှာမဟုတ်ဘူး သူ ပေးတဲ့ပိုက်ဆံတွေယူပြီး သူ့ကျွန်လုပ်နေတဲ့လူတွေတစ်ယောက်မကျန်ဖြုတ်ချပစ်မှာ "

" အဲ့လိုဆိုတိုင်း ကျွန်တော်တို့သူ့ကိုမောင်းထုတ်လို့မရဘူးလေ မြို့တော်ဝန် ကလူတော်ဘဲ သိမှာပါ သူ့ကိုနှင်ထုတ်ရင် တရုတ်နိုင်ငံနဲ့ကျွန်တော်တို့နိုင်ငံကြားဆက်ဆံရေး‌ပျက်သွားနိုင်တယ် "

100%LoVe + 0%moneyWhere stories live. Discover now