100%LoVe + 0%money

383 42 9
                                    

Unicode //

Part-19

တောင်ကိုးရီးယားကိုလေယာဉ်ဆိုက်ပြီးတာနဲ့ အိမ်ကိုသာတန်းပြန်လာခဲ့သည်။ မြို့တော်ဝန် ပြန်လာတာ‌ဖြစ်တာကြောင့်ကားလမ်းကြောများရှင်းနေပြီး ရှေ့စေ့နောက်စေ့တွေကိုယ်ရံတော်တွေရဲ့ကားမဲများလိုက်ပါလာသည်။

ကားမှန်ကနေတစ်ဆင့်အပြင်ကိုကြည့်နေရာကာနေ နေရာတိုင်းမှာ အစ်မ ရဲ့ပိုစတာကိုမြင်ရသည်။ အစ်မ ပုံလေးတွေကိုဖုန်းနဲ့အမိအရရိုက်ယူပြီး သဘောတကျပြန်ကြည့်နေမိသည်။

ကျွန်တော့်ဟာ အစ်မ ပုံကိုမြင်လိုက်ရင်ကို မနေ့ကအစ်မရဲ့လုပ်ရပ်တွေမေ့သွားနိုင်သည်အထိ အစ်မ ကလွှမ်းမိုးမှုကြီးသူဖြစ်သည်။

" မြို့တော်ဝန် နေအိမ်ကိုဘဲ‌သွားမှာမလားဗျ "

" ဟုတ် "

မြို့တော်ဝန်နေအိမ်သို့ကားအမဲများသွားဝင်လာကြပြီးနောက် ကိုယ်ရံတော်အသီးသီးကနေရာအပြည့်ယူကာ ဒါရိုက်ဘာရွန်က ကားတံခါးလာဖွင့်ပေးသည်။

အိမ်ထဲသို့မဝင်ခင် အတွင်းရေးမှူးယွန်းကို

" ခနနေ personal cause တစ်ခုသွားစရာရှိတယ် ဘယ်သူမှမသိစေချင်လို့ ခြံဘေးကနေဒါရိုက်ဘာရွန်ကိုအသင့်‌ေစာင့်ထားခိုင်း "

" ဟုတ်ကဲ့ ဆရာ "

အိမ်ထဲရောက်တာနဲ့ အဖေ့ကိုရှာနေတာကြောင့် အိမ်အလုပ်သမားတစ်ယောက်က

" သူဌေး ကဈေးထဲသွားတယ် ဆရာ "

" အင် ကျေးဇူးပါ "

အဖေ ကအခုထိသူ့ရဲ့အလုပ်ကိုမစွန့်လွှတ်နိုင်။ ကျွန်တော်လည်းမတားခဲ့ပေ။ ‌ဈေးရောင်းတဲ့အလုပ်ကသမာအာဇီဝကျတဲ့စီးပွား‌ေရးလုပ်ငန်းငယ်ဘဲမလား ။

အခန်းထဲကိုရောက်တာနဲ့ရေမိုးချိုးပြီး အစ်မ အတွက်ကျွန်တော်လက်ဆောင်ပြင်ပေးထားတဲ့အထုတ် အစ်မ ရုံးခန်းကိကရောက်မရောက်သိချင်တာကြောင့် အိုင်းရင်းအွန်နီးဆီဖုန်းဆက်မေးလိုက်သည်။

" အွန်နီး ကျွန်တော်ပို့ပေးလိုက်တဲ့ဟာရောက်ပြီးလား "

" အင် အခုဘဲရောက်တယ် အွန်နီး ရူဘီ့ရုံးခန်းစားပွဲမှာတင်ပေးထားမယ် သူအခုသီချင်းသစ်အတွက် live room ထဲရောက်နေပြီး "

100%LoVe + 0%moneyWhere stories live. Discover now