CH 75

2.5K 497 90
                                    

ကျန်းဇီဟန်က ရှဲ့ဟယ်ကို အတတ်နိုင်ဆုံး ဖြောင်းဖျ နှစ်သိမ့်ပေးနေတယ်....

" ကိုယ့်ကို ပြန်ချစ်လာဖို့ တစ်ဖက်ကို သွညယပြီးဖိအားပေးလို့မှမရတာ...မင်းသူ့ကိုထားခဲ့ပြီး ဘာလို့ အချစ်သစ်မရှာတာလဲ....မင်းကို ပုံအောပြီးချစ်ပေးမယ့်သူတွေ သေချာပေါက်ရှိနေမှာပါ....."

" ဒါ..ဒါပေမယ့် ကျွန်တော်က သူ့တစ်ယောက်တည်းကိုပဲ ချစ်တာ....သူ ကျွန်တော့်ကို ပြန်မချစ်နိုင်တာ သူ့အပြစ်မှမဟုတ်တာ....ကျွန်တော်က မကောင်းတဲ့သူပါ....သူ့အချစ်နဲ့မထိုက်တန်တဲ့သူပါ....."

ရှဲ့ဟယ်ကို ကြည့်ရတာ ချောက်ကမ်းပါးအစွန်းမှာ ပြုတ်ကျမယ်မှန်းသိသိနဲ့ ရပ်နေသူတစ်ယောက်လိုပါပဲ.....

" ဘယ်တော့မှ အဲ့လိုထပ်မပြောနဲ့...မင်းက လူကောင်းတစ်ယောက်ပါ....."

" အစ်ကို မသိသေးပါဘူး.... ကျွန်တော့်မှာ ဘာကောင်းကွက်မှ မရှိဘူး.....ကျွန်တော်သာ အစ်ကို့လို ဖြစ်ခွင့်ရမယ်ဆို ဘယ်လောက်များကောင်းလိုက်မလဲ....ကျွန်တော် အစ်ကို့ကို မနာလိုဖြစ်မိတယ်...."

" ဟမ်?? မင်း ကိုယ့်ကို မနာလိုဖြစ်နေတယ်...."

ရှဲ့ဟယ်က စိတ်လွတ်နေသူတစ်ဉီးလို ခံစားချက်အလုံးစုံကို တစ်ကိုယ်တော်ရေရွတ်နေလေပြီ......

" ဟုတ်တယ်...ကျွန်တော် အစ်ကို့လို တက္ကလိုလ်မတက်ခဲ့ရဘူး...အထက်တန်းလောက်နဲ့ ကျောင်းနားခဲ့ရတာ....ဆယ်ကျော်သက်အရွယ်မှာ ကိုယ့်ကိုယ်ကို ရောင်းစားခဲ့တယ်။ ဒီနေရာကို ရောက်နိုင်ခဲ့တဲ့ တစ်ခုတည်းသော အကြောင်းအရင်းက တခြားသူတွေထက် နည်းနည်းလေး ကံပိုကောင်း​နေလို့ပါ.... ဘယ်လောက်ပဲ ကြိုးစားနေပါစေ ဘာမှထူးမလာခဲ့ဘူး.... သူ့အတွက်တော့ ကျွန်တော်က အထင်သေးစရာကောင်းတဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် အမြဲရှိနေတော့မှာ...."

" ခက်ခဲတဲ့အခြေနေကို ကြံ့ကြံ့ခံဖို့ မစဉ်းစားဘဲ ကိုယ့်ကိုယ်ကို ရောင်းစားခဲ့တာ ကျွန်တော်ကိုယ်တိုင်ပဲမို့ ဘယ်သူ့ကိုမှ အပြစ်ပြောလို့မရဘူးလေ....."

" ကျွန်တော်လည်း ဒါမျိုးတွေ ဘယ်ဖြစ်ချင်ပါမလဲ...သူများတွေလို အေးအေးဆေးဆေးစာသင်ချင်တယ်...တက္ကသိုလ်တက်ချင်တယ်...ကိုယ်ဝါသနာပါတာလေးတွေ လုပ်ကြည့်ချင်တယ်....အသက်ငယ်ငယ်နဲ့ လောကကြီးရဲ့ခါးသီးမှုတွေကို မတွေ့ကြုံချင်ခဲ့ပါဘူး.....သရုပ်ဆောင်လည်း မဖြစ်ချင်ခဲ့သလို ဖျော်ဖြေရေးလောကထဲလည်း မဝင်ချင်ခဲ့ဘူး....ကိုယ့်ကိုကိုယ်လည်းရောင်းစားမစားချင်ခဲ့ဘူး....ရှင်သန်နေထိုင်ဖို့အတွက် ဂုဏ်သိက္ခာတွေစွန့်ပစ်ရတာမျိုးလည်း မလုပ်ချင်ခဲ့ပါဘူး....လောကမှာ တခါစွန့်ပစ်ပြီးရင် ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့အရာတွေအများကြီးရှိနေတယ်.....ဒါတွေကို သေချာနားလည်သွားတဲ့အချိန်မှာ ကျွန်တော် အစ်ကို့ကို မနာလိုဖြစ်မိတယ်...... "

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now