CH 76

2.5K 518 63
                                    

လောလောလတ်လတ် ခွဲစိတ်ထားရတဲ့ ရှဲ့ဟယ်က ဆေးရုံကုတင်ပေါ်မှာ ဖြူဖျော့စွာလှဲလျောင်းနေပုံလေးက အချိန်မရွေးသေဆုံးသွားနိုင်သလိုပါပဲ....

ဒါကိုမြင်တော့ ရီဇဲ ရုတ်တရက်ကြီး စိတ်မသက်မသာဖြစ်လာခဲ့ရတယ်...ရှဲ့ဟယ် ဒဏ်ရာရထားမှန်းသိပေမယ့် သိပ်မပြင်းထန်ဘူးထင်လို့ သိပ်လည်း တရေးတယူဂရုမစိုက်မိခဲ့ဘူး....အခြေနေတွေက ဒီလောက်ထိတောင် ဆိုးသွားတာလား.....

ကျန်းဇီဟန် ပြောတဲ့ သူ့ကောင်လေးဆိုတာ ရှဲ့ဟယ်လား....

ဒီလိုတွေးမိလိုက်ချိန်မှာ ခုနကစိတ်မသက်မသာဖြစ်မှုတွေအစား ဒေါသတွေသာ အလုံးအရင်းလိုက် ဝင်ရောက်လာခဲ့တယ်....

ရှဲ့ဟယ် ကျန်းဇီဟန်ကိုဘယ်လိုရှာတွေ့သွားတာလဲ.....သူ့ကိုရတနာတစ်ပါးလို ဆက်ဆံပေးအောင် ကျန်းဇီဟန်ကို ဘယ်လိုများ ဖြားယောင်းသွေးဆောင်ခဲ့တာလဲ...ရိုးသားဖြူစင်ပုံရတဲ့ဒီလူ့ဆီမှာ ဒီလိုအကြံအစည်မျိုး ရှိနေမယ်မှန်း မသိခဲ့မိဘူး....ဒီလိုလူစားမျိုးကို သနားနေစရာမလိုတော့ဘူး.....

ရီီဇဲရဲ့ မျက်ဝန်းတွေ မည်းမှောင်နေတာများ မုန်တိုင်းမလာခင် တိမ်မည်းတွေ အုံ့ဆိုင်းနေတဲ့အတိုင်းပဲ.....

" မင်းကောင်လေးဆိုတာ သူ့ကိုပြောတာလား....."

" အဲ့တော့ဘာဖြစ်လဲ..."

ခုနက ပါးရိုက်ခံလိုက်ရတုန်းကတောင် အခုလောက်ထိ မရှက်မိခဲ့ဘူး.....ကျန်းဇီဟန် သူ့ကိုလုံးဝဂရုစိုက်ဘူး....ကျန်းဇီဟန် သဘောကျနေတဲ့သူက သူမဟုတ်ဘူး.....ရှဲ့ဟယ်ကြောင့် သူ့ကို စိတ်ဆိုးနေတယ်...ရှဲ့ဟယ်နဲ့သူနဲ့ကြားက ပတ်သတ်မှုကို သိသွားချိန်မှာ ကျန်းဇီဟန် ဒေါသထွက်နေတာလဲ ရှဲ့ဟယ်အတွက်တဲ့.....

ကျန်းဇီဟန်က ရှဲ့ဟယ်ကို ကြည့်တဲ့အခါ နူးညံနွေးထွေးနေသလောက် သူနဲ့ဆို အေးစက်ခက်ထန်နေတယ်....ဒီလို နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ ရီဇဲရဲ့ မျက်ဝန်းတွေ မှင်ရောင်တောက်ပလာတယ်....

"မင်း​က ဒီလိုလူစားမျိုးကို သဘောကျတယ်ပေါ့....."

" ဒီလိုလူစား???"

ရှဲ့ဟယ် ဘာ့ကြောင့်များ ဒီလိုလူကို သိပ်သဘောကျနေရသလဲ သိချင်နေတုန်းပဲ...ရှဲ့ဟယ် သဘောကျနေတဲ့ လူဆိုးလူမိုက်က ရီဇဲမှန်း သိလိုက်ရချိန်မှာ သိပ်တော့ မအံ့သြမိခဲ့ဘူး.....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now