အခန်း(၁.၁)

608 63 5
                                    

အခန်း(၁.၁)

မနက်ခင်းတစ်ခုတွင် မြက်ပင်လေးတွေသည် နှင်းရည်ရွဲရွဲစိုနေပြီး တောက်ပတဲ့နေရောင်အောက်က သစ်ပင်တွေရဲ့သစ်ကိုင်းထက်မှာ စာငှက်ငယ်တွေက အမွှေးအတောင်များလှုပ်ယမ်းကာ ရွှင်မြူးသောအသံဖြင့်သီကျူးနေကြ၏။

"အကိုကြီး မင်း ငါတို့ကို ဘယ်အခါမှ ပြန်လာတွေ့မှာလဲ?"ဝက်ဝံရုပ်ကိုင်ထားတဲ့ ကလေးမလေးသည် သတိကြီးကြီးနှင့် ခေါင်းကိုမော့ကာ သူမ၏မျက်ဝန်းနက်နက်လေးတွေက မျှော်လင့်ချက်များကို ထုတ်ဖော်နေသည်။

မေးခံရတဲ့လူငယ်လေးဘေးမှာ ကလေးများဝန်းရံနေပြီး လူငယ်လေးက ပြုံးပြီးပြောလိုက်တယ် "နောက်တစ်ပတ်ဆို..အကိုကြီး မင်းတို့အတွက် လက်ဆောင်တစ်ချို့ယူလာပေးမယ်"

ဒီနေရာက A City၏ဆင်ခြေဖုံးရပ်ကွက်ရှိ ကလေးစောင့်ရှောက်ရေးဂေဟာတစ်ခုဖြစ်သည်။ကုဟိုင်၏ငွေကြေးထောက်ပံ့မှုဖြင့် ၎င်းကို မကြာသေးမီကပင် ပြန်လည်ပြုပြင်ခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးက နွေးထွေးပြီး သက်သောင့်သက်သာရှိလှ၏။

လူမှုဖူလုံရေးဂေဟာကို ကုဟိုင် ပံ့ပိုးကူညီမှုနှင့်ပတ်သက်ပြီး ထူးခြားတဲ့အရေးကိစ္စတစ်စုံတစ်ရာတော့ မရှိဘူး။တစ်ချိန်တုန်းက သူဟာ လူမှုဖူလုံရေးဂေဟာမှ မွေးစားခံရတဲ့ကလေးဖြစ်တာကြောင့် ယခုအချိန်မှာ သူ တတ်စွမ်းနိုင်သည့်အရာများကို ပြန်လည်ပေးဆပ်ချင်ရုံသာဖြစ်၏။

ရက်အနည်းအတွင်း A Cityတွင် အေးလာပြီး တရားဝင်ဆောင်းရာသီဝင်လာမှာဖြစ်သည်။ကုဟိုင်ဟာ နောက်တစ်ကြိမ် သူ ဒီကိုလာတဲ့အခါ ကလေးတွေအတွက် အနွေးထည်တစ်ချို့ယူလာဖို့စီစဉ်ထားသည်။ဒါကြောင့် သူဟာ ကလေးမလေးကို ကတိပေးလိုက်တာဖြစ်သည်။

လူမှုဖူလုံရေးဂေဟာမှ ကလေးတွေစီကို လည်ပတ်ပြီးနောက်မှာ ကုဟိုင်ဟာ အိမ်ပြန်လာခဲ့ပြီး ကွန်ပျူတာရှေ့မှာထိုင်ပြီး ဒီနေ့အတွက် အလုပ်စတင်လိုက်၏။

ကုဟိုင်ဟာ ပရောဖက်ရှင်နယ်ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်ပြီး သူဟာ ငယ်ရွယ်သေးပေမဲ့ ဒီနယ်ပယ်အတွင်းမှာ ဂုဏ်သတင်းရှိသူ နာမည်ကောင်းရှိသူတစ်ယောက်ဖြစ်တယ်။အခန်းအတွင်းရှိ စားပွဲတစ်လုံးပေါ်မှာ ဒိုင်းဆုတွေရှိပြီး တစ်ခုချင်းစီတိုင်းက ရွှေအဆင့်တွေဖြစ်တယ်။

Zergဘုရင်လေးWhere stories live. Discover now