၁၀.၂

118 39 0
                                    

အခန်း(၁၀.၂)

ယုလုစစ်သင်္ဘောပေါ်မှ အခြားသောဇာ့ဂ်အများအပြားဆင်းလာပြီးနောက် တူဆာ၏အကြီးအကဲတွေသည် ဇာ့ဂ်စစ်သည်နှစ်ယောက် ဂရုတစိုက်သယ်ဆောင်လာတဲ့ ကြီးမားတဲ့အဖြူရောင်ဥခွံကြီးကိုမြင်လိုက်ရတယ်။သူတို့က ချက်ချင်းဘဲ လူငယ်လေးသည် အရွယ်ရောက်သည့်အသွင်အပြင်ရှိသော်လည်းဘဲ တကယ်တော့ လွန်ခဲ့တဲ့ရက်အနည်းငယ်မှမွေးဖွားလာသူဖြစ်ကြောင်းကို နားလည်လိုက်တယ်။

မွေးဖွားချိန်ကို အခြေခံပြီး သူက ကလေးလေးသာရှိသေးတယ်။ဘုရင်က ကလေးလေးတစ်ယောက်သာ ဖြစ်နေသေးတယ်...

သူတို့က ဒီအကြောင်းကို တွေးမိတဲ့အခိုက်အတန့်မှာ တူဆာ၏အလုပ်အမှုဆောင်ခုနစ်ယောက်၏အေးစက်နေတဲ့မျက်နှာသည် အနည်းငယ်အရည်ပျော်ကျသွားပြီး အေးစက်ပြီးတင်းမာတဲ့ အသွင်အပြင်က အနည်းငယ်ပျော့ပျောင်းလာတယ်။

"ကျွန်တော်ထားခဲ့တဲ့ဂြိုဟ်က စွန့်ပစ်ဂြိုဟ်တစ်ခုဘဲ"ကုဟိုင် မေးခွန်းကို ဖြေလိုက်ပြီး နောက်တော့ ခေါင်းခါလိုက်တယ် "နဂိုရှိနေတဲ့အပြင်အဆင်ကလည်း အဆင်ပြေပါတယ်။မပြောင်းပါနဲ့"

စွန့်ပစ်ဂြိုဟ်...

ဒီအဖြေက အဆင့်မြင့်ဇာ့ဂ်တွေကို ဆွံ့အသွားစေပြီး သူတို့က သူ့တို့နှလုံးသားထဲက နာကျင်မှုကို ခံစားရတယ်။ဒီလူက သူတို့အတွက် တန်ဖိုးကြီးတဲ့ရတနာတစ်ခုကဲ့သို့ဖြစ်တယ်။သူက စွန့်ပစ်ဂြိုဟ်တစ်ခုပေါ်မှာ ဘယ်လို မွေးဖွားလာတာလဲ...

သူတို့သည် နာကျင်မှုကိုဖော်ပြတဲ့ ပထမဆုံးဝိညာဉ်ရေးရာချိတ်ဆက်မှုအကြောင်းကို တွေးမိသည်နှင့် ဒီအဆင့်မြင့်ဇာ့ဂ်တွေ၏နှလုံးထဲမှာ အားကောင်းသည့်နောင်တရသည့်ခံစားချက်က သူတို့ကို အသက်ရှူဖို့တောင်ခက်ခဲစေတယ်။သူတို့က ဘုရင်ကြီးကို သွားရှာခဲ့သင့်တယ်။တကယ်လို့သူတို့သာ သူ့ကိုရှာဖို့ တပ်ဖွဲ့တွေစေလွတ်ခဲ့မယ်ဆိုရင် သူတို့က သူ့ကိုစွန့်ပစ်ဂြိုဟ်ကနေ စောစောခေါ်ဆောင်လာနိုင်လိမ့်မည်။

ဝိညာဉ်ရေးရာချိတ်ဆက်မှုသည် တိုတောင်းပြီး ဝေးကွာလွန်းတာကြောင့် တူဆာရှိဇာ့ဂ်တို့သည် ချိတ်ဆက်မှုပိုင်ရှင်သည် သူတို့အတွက် ဘယ်လောက်အရေးကြီးမှန်း နားမလည်ခဲ့ဘူး။အခု သူတို့မျက်စိနှင့်ကိုယ်တိုင်မြင်တွေ့ရမှသာလျှင် ဒါကို သူတို့နားလည်နိုင်တယ်။ဒါကြောင့် သူတို့ နာကျင်ရတယ်။

Zergဘုရင်လေးWhere stories live. Discover now