အခန်း(၃.၁)

282 72 3
                                    

အခန်း(၃.၁)

နက်ရှိုင်းတဲ့ငိုက်မျဉ်းမှုနှင့် ဥခွံကိုပုံမှန်တွန်းပေးခြင်းက ကုဟိုင်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားစေတယ်။ကုဟိုင်သည် မသိစိတ်က နိုးထရန်ရုန်းကန်ခဲ့သော်လည်းဘဲ နောက်ဆုံးသူ့စိတ်ဆောင်ရာကို တွန်းမခံနိုင်တာကြောင့် နှစ်နှစ်ခြိုက်ခြိုက် သက်သောင့်သက်သာရှိစွာအိပ်ပျော်သွားတယ်။

သူ့အိပ်ပျော်နေချိန်အတွင်းမှာ ကုဟိုင်သည် များစွာသောသတင်းအချက်အလက်တွေကို လက်ခံရရှိခဲ့တယ်။ငြင်းဆန်ဖို့ရာအခွင့်အရေးမရှိဘဲ သတင်းအချက်အလက်တွေအားလုံးက သူ့ခေါင်းထဲကို ဝင်လာခဲ့တယ်။

ကုဟိုင်က သူ့ထံရောက်ရှိလာတဲ့အချက်အလက်တွေအားလုံးကို စီမံခန့်ခွဲခဲ့ပြီး နောက်ဆုံးမှာတော့ ဒီကမ္ဘာနှင့်ပတ်သက်ပြီးပိုမိုနားလည်ခဲ့ပြီး လက်ရှိသူ့အခြေအနေကို သဘောပေါက်ခဲ့သည်။

သူကူးပြောင်းလာတဲ့နေရာက အနာဂတ်ကြယ်တာရာကမ္ဘာတစ်ခုဖြစ်ပြီး လူသားများအပြင် အမျိုးမျိုးသောဂြိုဟ်သားမျိုးနွယ်စုတွေတည်ရှိတယ်။

ကြယ်တာရာကမ္ဘာတစ်ခုလုံးက အရင်ခေတ်အတွင်းမှာဆိုရင် အမျိုးမျိုးသောမျိုးနွယ်စုတွေကြားမှာ စစ်ပွဲမကြာခဏဖြစ်ပွားလေ့ရှိပြီး ရန်လိုကျူးကျော်တဲ့တိုက်ပွဲတွေက မတူညီသောဂြိုဟ်တွေမှာ နေ့တိုင်းနီးပါးဖြစ်ပွားခဲ့တယ်။

ဒါက ခေတ်သစ်မရောက်ခင်တိုင်အောင်ဖြစ်ပျက်ခဲ့ပြီး ကြယ်တာရာကမ္ဘာသည် တဖြည်းဖြည်းငြိမ်းချမ်းရေးခေတ်ကို ဝင်ရောက်လာတယ်။များစွာသောမျိုးနွယ်စုတွေက ခင်မင်ရင်းနှီးမှုသင်္ကေတပေးပို့ခဲ့ကြပြီး သံတမန်ရေးရာထူထောင်ပြီး စီးပွားရေးနှင့်ကုန်သွယ်မှုဖလှယ်မှုအောက်မှာ ပိုပြီးသဟဇာတဖြစ်လာကြတယ်။

ချွင်းချက်အနေနှင့် မျိုးနွယ်တစ်ခုသာကျန်ရစ်ပြီး ခေတ်သစ်ရောက်လာတဲ့အချိန်မှာတောင် မဟာမိတ်မဖွဲ့နိုင်သေးဘူး။

မဟာမိတ်မရှိရင်တောင် အဆင်ပြေပေမဲ့ ခေတ်ဟောင်းမှ ခေတ်သစ်ထိတိုင် အထူးသဖြင့် လူသားတွေနှင့်တိုက်ပွဲဝင်နေကြပြီး ရန်သူတွေအများကြီးရှိတယ်။ဒီလိုဆက်ဆံရေးညံဖျင်းလွန်းတာကြောင့် သေစေနိုင်တဲ့ရန်သူတွေအဖြစ်ဖော်ပြနိုင်တယ်။

Zergဘုရင်လေးWhere stories live. Discover now