အခန်း(၄.၁)

285 74 2
                                    

အခန်း(၄.၁)

ကုဟိုင်၏အတွင်းစိတ်က မမျှော်လင့်ဘဲထုတ်လွှတ်ခဲ့တဲ့ ဝိညာဉ်ရေးရာချိတ်ဆက်မှုကြောင့် ဇာ့ဂ်တွေကို ကသောင်းကနင်းဖြစ်စေခဲ့တယ်။ပြောရရင် ဒီကိစ္စက လွန်ခဲ့တဲ့ဆယ့်နှစ်နာရီအကြာလောက်ကတည်းက စတင်ခဲ့တာဖြစ်တယ်။

ဝိညာဉ်ရေးရာချိတ်ဆက်မှုစွမ်းရည်က ကုဟိုင်၏မွေးရာပါစွမ်းရည်တစ်ခုဖြစ်ပြီး ဇာ့ဂ်ဘုရင်၏အစွမ်းအစဖြစ်တယ်။ဒီစွမ်းရည်က ဝိညာဉ်ရေးရာချိတ်ဆက်မှုတွေကို တည်ဆောက်ရန်ဖြစ်ပြီး ကုဟိုင်က သူ့အသိစိတ်ကို ဇာ့ဂ်တွေထံပို့ဆောင်နိုင်တယ်။

ဒီဝိညာဉ်ရေးရာချိတ်ဆက်မှုက တစ်ဦးချင်းရည်ရွယ်ချိတ်ဆက်တာဖြစ်ဖြစ် သို့မဟုတ် အဖွဲ့အစည်းလိုက်ချိတ်ဆက်တာဖြစ်ဖြစ် လုပ်ဆောင်နိုင်တာမျိုးဖြစ်ပြီး မျိုးနွယ်တစ်ခုလုံးကို လွှမ်းခြုံနိုင်လောက်အောင်အထိ ကြီးမားပြီး အကွာအဝေးကန့်သတ်ချက်မရှိဘူး။

ကုဟိုင်ကသာ လုပ်နေသမျှ ဇာ့ဂ်တွေက ဘယ်လောက်ဝေးတဲ့နေရာကိုဘဲရောက်နေပါစေ အကြောင်းကိစ္စမရှိဘဲ သူ့ရဲ့ဝိညာဉ်ရေးရာချိတ်ဆက်မှုကို လက်ခံရရှိမှာဖြစ်တယ်။

ကုဟိုင်သည် အလွန်ဝေးကွာတဲ့စွန့်ပစ်ဂြိုဟ်ပေါ်မှာရှိနေတာဖြစ်ပြီး သူနှင့်ဂူထဲကဇာ့ဂ်ဒါ့ဇင်ကလွှဲပြီး ဉာဏ်ရည်မြင့်မားတဲ့သက်ရှိတွေမရှိဘူး။ဒီတာ့ခ်ဇာ့ဂ်တွေကသာလျှင် သူက ဥခွံကနေချိုးဖောက်ပြီး မွေးဖွားလာတာကို သိခဲ့တာဖြစ်တယ်။

ထို့နောက် လွန်ခဲ့တဲ့ဆယ့်နှစ်နာရီလောက်က ကုဟိုင်လဲကျသွားတုန်းက သူက နာကျင်မှုရဲ့လှုံ့ဆော်မှုကြောင့် ဝိညာဉ်ရေးရာချိတ်ဆက်မှုတစ်ခုကို အလိုလျောက်တည်ဆောက်ခဲ့တယ်။

ဒီဝိညာဉ်ရေးရာချိတ်ဆက်မှုက အုပ်စုလိုက်ချိတ်ဆက်တဲ့အမျိုးအစားဖြစ်တယ်။တကယ်လို့ဒီလိုပို့ဆောင်တာကို Group chatတစ်ခုနှင့်နှိုင်းယှဉ်ပါက ကုဟိုင်၏ဝိညာဉ်ရေးရာလင့်ကို @အုပ်စုထဲရှိအဖွဲ့ဝင်အားလုံးဆိုပြီးပို့လိုက်တာနှင့်ဆင်တူတယ်။

အကျိုးဆက်ကို ကြိုတင်မှန်းဆနိုင်ပါတယ်။

စကြာဝဠာတစ်ခုလုံးတွင် တခြားမျိုးနွယ်တွေနှင့် စစ်ပွဲဖြစ်ပွားနေတဲ့ ဇာ့ဂ်မျိုးနွယ်တိုင်း တူညီတဲ့ခံစားချက်ကို ရရှိခဲ့တယ်။

Zergဘုရင်လေးWhere stories live. Discover now