အခန်း(၅.၁)

220 71 0
                                    

အခန်း(၅.၁)

သူ့အသိစိတ်ထဲ ပို့ဆောင်လာတဲ့အသံက အိပ်ပျော်ရင်းစကားပြောနေသကဲ့သို့ အလွန်ကိုပေါ့ပါးသည်။

ဝိညာဉ်ရေးရာချိတ်ဆက်မှုက ဆက်ရှိနေပေမဲ့ အသံပိုင်ရှင်ကတော့ စကားထပ်မပြောလာတော့ဘူး။

သူ့နားထဲမှာ ပတ်ဝန်းကျင်ရှိအသံတွေကို အလိုအလျောက်ကြားနေရဆဲဖြစ်သော်လည်းဘဲ အဲလ်ဗတ်ကို စိတ်ဆိုးဒေါသထွက်စေပြီး သည်းမခံနိုင်အောင်လုပ်နေတဲ့ အသံတွေက ပျောက်ကွယ်သွားပြီ။သူကြားသမျှအားလုံးက သူ့အသိစိတ်ထဲက တိုးတိမ်တဲ့အသံရှူသံသာဖြစ်တယ်။

အဲလ်ဗတ် ဒီအသံကိုကြားရတာ ပထမဆုံးအကြိမ်တော့မဟုတ်ဘူး။အခြားသောဇာ့ဂ်တွေလိုဘဲ သူကလည်း လွန်ခဲ့တဲ့နှစ်ရက်က တိုတောင်းတဲ့ဝိညာဉ်ရေးရာချိတ်ဆက်မှုကို လက်ခံရရှိခဲ့သည်။

အဲဒီအချိန်တုန်းက သူက စစ်ပွဲအလည်မှာရှိနေပြီး ပြင်းထန်တဲ့တိုက်ပွဲအခြေအနေတွင် ရှိနေခဲ့သည်။

အခြားဇာ့ဂ်တွေနှင့်မတူဘဲ အဲလ်ဗတ်က ဒီဝိညာဉ်ရေးရာချိတ်ဆက်မှုကနေ မည်သည့်အောက်ကျို့ခြင်းကိုမှ မခံစားရဘူး။

ဒါက သူက အယ်

လ်ဖာအဆင့်ဇာ့ဂ်တစ်ကောင်ဖြစ်နေတာ ဒါမှမဟုတ် သူက ကျန်တဲ့ဇာ့ဂ်တွေနှင့် ကွဲပြားတဲ့အမျိုးအစားဖြစ်နေတာမျိုး ဖြစ်နိုင်တယ်။ဒါပေမဲ့ အဲဒီဝိညာဉ်ရေးရာချိတ်ဆက်မှုကြောင့် သူ စိတ်ဆိုးမာန်ဆိုးဖြစ်ခဲ့သည်။

ဒီစိတ်ဆိုးမာန်ဆိုးဖြစ်ရခြင်း၏အကြောင်းရင်းကို သူနားမလည်သော်လည်းဘဲ ပြင်းထန်လွန်းတာကြောင့် သူ့ဆင်ခြင်တုံတရားလွတ်လုနီးပါးဖြစ်ခဲ့သည်။

အခု ဒုတိယအကြိမ် အသံကြားရတော့ သူ့ကိုကျေနပ်သွားစေသည်။

ဆက်သွယ်မှုနှစ်ခုကြား ခြားနားချက်ကို နားလည်ရန် ခက်ခဲသော်လည်းဘဲ ယခု အသက်ရှူသံကြောင့် အဲလ်ဗတ်က မသိစိတ်ကနေ သူ့ငွေရောင်အမြီးကို လှုပ်ရမ်းသွားစေသည်။သူ့ပတ်ဝန်းကျင်ရှိ အလွန်အေးစက်သည့်ဖိအားသည် သာမန်လျစ်လျူရှူနိုင်တဲ့အခြေအနေကို လျော့ကျသွားသည်။

Zergဘုရင်လေးWhere stories live. Discover now