အခန်း(၁၁.၂)
ကြယ်တာရာခေတ်တွင် ဇာ့ဂ်စစ်တပ်လေးခုကို အခြားသောမျိုးနွယ်တွေက ရှောင်ဖယ်ခဲ့တယ်။တူဆာ၏အာဏာအမြင့်ဆုံးကောင်စီကို ဇာ့ဂ်ခုနစ်ယောက်နှင့်ဖွဲ့စည်းထားပြီး ပထမတပ်မတော်၏အဓိကကျောရိုးဖြစ်ပြီး သူတို့၏အာဏာကို မမှန်းဆနိုင်ပေ။
အခုတူဆာ၏အာဏာအမြင့်ဆုံးကောင်စီ၏အစည်းအဝေးခန်းတွင် ဒီဇာ့ဂ်တွေက အုပ်ချုပ်ရေးနှင့် ဆက်စပ်မှုမရှိသည့်အရာကို ဆွေးနွေးနေကြတယ်။ဆွေးနွေးပွဲကို အလွန့်ကိုဂရုစိုက်ပြီး အာရုံစိုက်ထားကြတယ်။
ကုဟိုင်က အဝတ်အစားသစ်တွေရှိနေပြီဖြစ်တာကြောင့် သူ့အဝတ်အစားကို လဲလိုက်တယ်။
ဒီယူနီဖောင်းက အဲလ်ဗတ်ထံမှဖြစ်ပြီး သူ့ကိုသယ်လာတဲ့အချိန်တုန်းက ကုဟိုင်၏ပခုံးပေါ်မှာပတ်ထားပေးတာဖြစ်တယ်။၎င်းက ဇာ့ဂ်တွေ၏ခန္ဓာကိုယ်အပူချိန်နိမ့်ပါးမှုကြောင့် မည်သည့်အပူချိန်(နွေးထွေးမှု)ကိုမှ မသယ်ဆောင်နိုင်သော်လည်း ၎င်းက ကုဟိုင်ကို အချို့သောအေးစက်မှုတားဆီးပေးတယ်။
ကုဟိုင်က အနက်ရောင်ယူနီဖောင်းကို ချွတ်လိုက်တာနှင့် သူ့ဘေးမှာရပ်နေတဲ့တာ့ခ်ဇာ့ဂ်သည် ချက်ချင်းဘဲ နိမ့်ပါးတဲ့လည်ချောင်းသံတစ်ခုကို ပြုလုပ်လာတယ်။တကယ်လို့ ကလေးကသာ အဝတ်အစားများများမဝတ်ထားဘူးဆိုရင် ဒီပတ်ဝန်းကျင်မှာ သူ အေးနေလိမ့်မည်။ဒီနားလည်မှုကြောင့် တာ့ခ်ဇာ့ဂ်အများအပြားသည် ထူထဲသောအဝတ်အစားတစ်ချို့ကို ကောက်ယူကာ ကုဟိုင်ပေါ်တွင် ဂရုတစိုက် ခြုံထားရန် ၎င်းတို့၏လက်ဖျံတွေကို မြှောက်လိုက်ကြတယ်။
ကုဟိုင်သည် အဝတ်အစားတွေ တစ်ခုပြီးတစ်ခု ဖုံးအုပ်ခံထားရတာကြောင့် ရယ်ရမလား ငိုရမလား မသိတော့ပေ။တာ့ခ်ဇာ့ဂ်တွေက သူ့ကိုသာ ဖုံးထားပေးရန် မအေးတော့ဟု တွေးနေတာဖြစ်မည်။ကုဟိုင်က မလှုပ်ရှားဘဲ တာ့ခ်ဇာ့ဂ်တွေကို သူ့ကိုအဝတ်အစားဖုံးခွင့်ပြုထားလိုက်တယ်။သူတို့တွေပြီးသွားတဲ့အခါမှ အဝတ်ပုံထဲကနေ သူ့ခေါင်းကို ဆွဲထုတ်ပြီး တာ့ခ်ကိုပြောလိုက်တယ် "ဒါတွေကို ဒီလိုမျိုးဝတ်ရတာမဟုတ်ဘူး။ငါ ဒီလောက်အများကြီး မဝတ်နိုင်ဘူး"