အခန်း(၆)

222 69 0
                                    

အခန်း(၆)

ကုဟိုင်သည် သူနှင့်တာ့ခ်ဇာ့ဂ်တွေသာရှိသည့် စွန့်ပစ်ထားတဲ့ဂြိုဟ်ပေါ်တွင် အဆင့်မြင့်ဇာ့ဂ်တစ်ကောင်ကို မြင်လိုက်တာနှင့် ပထမဆုံးတုံ့ပြန်မှုက အံ့အားသင့်တာပင်။ကုဟိုင်က ဒုတိယတုံ့ပြန်မှုကို ပြချင်သော်လည်းဘဲ သူက အခုလေးတင်ပန်းပွင့်လေး၏ဒဏ်ရာကို စိတ်စွမ်းအင်လွှဲပြောင်းပေးခဲ့တာဖြစ်တယ်။ပန်းပွင့်လေးက ပြန်လည်ကောင်းမွန်လာသော်လည်း မျှော်လင့်ထားသည့်အတိုင်း သူက လျှင်မြန်စွာ အိပ်ငိုက်လာတယ်။ဒီစိတ်စွမ်းအင်ကုန်ဆုံးမှုကြောင့် ငိုက်မြည်းခြင်းက ခုခံနိုင်တာမျိုးမဟုတ်ဘူး။စက္ကန့်အနည်းငယ်အတွင်းမှာပင် ကုဟိုင်သည် အိမ်မက်ထဲကိုကျရောက်သွားသည်။

လူငယ်လေးက ဘေးဘက်ကို ယိမ်းယိုင်လာတယ်။ဒီအချိန်မှာ အဲလ်ဗတ်က မည့်သည့်အတွေး လှုပ်ရှားမှုမှမရှိဘဲ စိုက်ကြည့်နေဆဲဖြစ်တယ်။ဒါပေမဲ့ သူ့နောက်က ငွေရောင်အမြီးက ချက်ချင်းဘဲ အခြားခန္ဓာကိုယ်ကို ဝိုင်းပတ်လိုက်တယ်။

ဂါမာအထက်ဆင့်ဇာ့ဂ်တွေက လူသားဆန်တဲ့အရွယ်ရောက်ပုံစံကို ဝင်ရောက်လာပြီး လူမျိုးရေးရာလက္ခဏာရပ်တွေကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်တယ်။သီးခြားထိန်းသိမ်းထားတဲ့အပိုင်းတွေသည် ဇာ့ဂ်တွေပေါ်မူတည်ပြီး ကွဲပြားတယ်။အဲလ်ဗတ် ထိန်းသိမ်းထားသောလူမျိုးရောလက္ခဏာရပ်သည် အမြီးဖြစ်တယ်။

ငွေခိုးရောင်အမြီးသည် ၎င်းဝိုင်းပတ်ထားတဲ့လူငယ်လေး၏ခန္ဓာကိုယ်ကို မတော်တဆထိုက်ခိုက်စေမိမှာကို ကြောက်နေပုံရတယ်။အစတုန်းကတော့ ၎င်းက ပေါ့ပါးတဲ့ကွင်းတစ်ခုလိုသာ ဝိုင်းထားပေမဲ့ သွေးဆောင်ဖျားယောင်းမှုမှကျဆုံးသွားတဲ့အခါ ၎င်းက လူငယ်လေးကို တင်းတင်းကျပ်ကျပ်ခိုင်မြဲစွာ ဝိုင်းပတ်ထားတော့သည်။ထို့နောက် အမြီးက မလှုပ်တော့ဘူး။

အဲလ်ဗတ်သည် သူ့အမြီးကို အမူအရာမဲ့စွာကြည့်လိုက်တယ်။အမြီးက သူ့ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်ပြီး တိုက်ပွဲအတွင်းမှာ လက်နက်တစ်ခုလိုအသုံးပြုပြီး အသုံးပြုရလွယ်ကူတယ်။အမြီးက သူ့သခင်၏အမိန့်ကိုအာခံတာ သို့မဟုတ် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချတာမျိုးကို မလုပ်သင့်ဘူး။ဒါပေမဲ့ အဲလ်ဗတ်က အခု သူ့အမြီးက ဒီလူကိုလွတ်ပေးဖို့ဆန္ဒမရှိတာကို တွေ့လိုက်ရတယ်။

Zergဘုရင်လေးWhere stories live. Discover now