၁၁.၁

157 35 0
                                    

အခန်း(၁၁)

အပူချိန်နိမ့်သည့်ပတ်ဝန်းကျင်နှင့်လိုက်ပြီး လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်တဲ့ဇာ့ဂ်တွေအတွက် သူတို့ဂြိုဟ်ပေါ်တွင် မလိုအပ်သည့်အတွက်ကြောင့် အေးလာတဲ့အချိန်ဝတ်ဆင်သည့်အဝတ်အထည်တွေ မတည်ရှိပေ။ဒါကြောင့် သူတို့က ကုဟိုင်ကို အသင့်ချုပ်အဝတ်တစ်ထည်တစ်ချို့ပေးဖို့ရာ ၎င်းတို့ကို အလျင်စလိုလုပ်ဆောင်ခဲ့ရသည်။

ကုဟိုင်က အခုချိန်မှာ အခန်းတွင်းမှာနေနေတာဖြစ်ပြီး အလွန်ကြီးမားတဲ့အနက်ရောင်စစ်အင်္ကျီကို ဝတ်ထားတာကြောင့် အေးလွန်းတယ်ဟု မခံစားရပေ။

ကြီးမားတဲ့ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး ပြတင်းပေါက်နားမှာ ရပ်နေတဲ့လူငယ်လေး၏ နူးညံ့တဲ့အနက်ရောင်ဆံပင်လေးတွေက ရှုပ်ပွနေပြီး နေရောင်အောက်မှာရပ်နေတာကြောင့် သူ့အသားအရည်ကို ကြည့်ရတာ ပို၍ပင်ဖြူဖွေးနေပြီး ဖောက်ထွင်းမြင်ရတော့မလိုပင်။

စွန့်ပစ်ဂြိုဟ်ပေါ်မှာတုန်းက ကုဟိုင်က မိုးရွာပြီးနောက်ဖြစ်ပေါ်နေတဲ့ရေအိုင်ကလေးကို ဖြတ်ပြီး သူ့ရုပ်သွင်ကို မြင်ရတဲ့အခါ ကုဟိုင်က အတော်လေးအံ့ဩစရာကောင်းတယ်ဟုခံစားရတယ်။သူ့မျက်နှာနှင့်အသွင်အပြင်က သူ့အရင်ကမ္ဘာတုန်းကနှင့် အများကြီးကွာခြားချက်မရှိဘူး။တကယ်လို့ သူ့ရဲ့ပြောင်းလဲမှုကို ပြောပါဆိုရင်လည်း သူ့ကိုကြည့်ရတာ နည်းနည်းလောက်ပိုပြီးကြည့်ကောင်းလာတာဘဲဖြစ်မည်။

ကုဟိုင်က သူ့ရဲ့ရုပ်ရည်သွင်ပြင်နှင့်ပတ်သက်ပြီး အာရုံစိုက်မှုအများကြီး မရှိတာကြောင့် မသေချာတဲ့အတွေးသာရှိတယ်။

ပြောရရင် လူငယ်လေး၏ရုပ်ရည်သွင်ပြင်သည် နဂိုကကထက် ပိုပြီးကြည်လင်လာကာ ပိုကြည့်ကောင်းလာပြီး အခြားသူတွေ၏နှစ်သက်မှုကို အလွယ်တကူရရှိစေနိုင်တဲ့သွင်ပြင်မျိုးဖြစ်တယ်။ပင်ကိုယ်သဘာဝလက္ခဏာက အများကြီးမပြောင်းလဲသွားသော်လည်းဘဲ သူတို့က ပိုပြီးမျက်စိဖမ်းစားစေလာတယ်။

ဇာ့ဂ်တွေရဲ့အလုပ်လုပ်နိုင်စွမ်းက အခြားသောကြယ်တာရာမျိုးနွယ်စုတွေထက် ပိုမိုမြင့်မားတာဖြစ်နိုင်တယ်။ကုဟိုင်က ဆောင်းရာသီဝတ်စုံတွေပို့ဆောင်လာတာကို အကြာကြီးမစောင့်ရလိုက်ဘူး။

Zergဘုရင်လေးWhere stories live. Discover now