အခန်း(၇.၁)

187 58 3
                                    

အခန်း(၇.၁)

စွန့်ပစ်ထားတဲ့ဂြိုဟ်ပေါ်က ရာသီဥတုသည် မကြာသေးမှီက အလွန်ကိုပူပြင်းလာတယ်။ကုဟိုင်က အဝတ်ပါးပါးလေးဝတ်ထားရင်တောင် ပူပြင်းတဲ့ရာသီဥတုက သူ့ကိုမသက်မသာဖြစ်စေတယ်။သို့စေကာမူ သူက တောရိုင်းကြယ်တစ်ခု ကောင်းမွန်တဲ့နေထိုင်မှုပတ်ဝန်းကျင်တစ်ခုကို မတောင်းဆိုနိုင်ဘဲ တာ့ခ်ဇာ့ဂ်တွေကို မစိုးရိမ်စေချင်ဘူး။ဒါ့ကြောင့် ကုဟိုင်က ရှိရင်းစွဲပတ်ဝန်းကျင်အပေါ် မည်သည့်မကျေနပ်မှုတစ်စုံတစ်ရာကို မဖော်ပြခဲ့ပေ...

တကယ်တော့ ဒါက ကုဟိုင် ငယ်စဉ်က ကြုံတွေ့ရတဲ့အတွေ့အကြုံတစ်ခုနှင့်ဆင်တူတယ်။သူ လူမူဖူလုံရေးအိမ်တွင် နေထိုင်စဉ် နွေရာသီတိုင်း အမြဲတမ်းနီးပါးဖြစ်တတ်တယ်။အဲဒီအချိန်တုန်းက ကလေးတွေ၏လူမူဖူလုံရေးဂေဟာ၏ စီးပွားရေးအခြေအနေမှာ အလွန့်ကိုမကောင်းမွန်တာကြောင့် သူတို့က ပန်ကာတစ်ခုသာလျှင် တပ်ဆင်ထားနိုင်တယ်။

ကုဟိုင် အလွန့်ကိုပူပြင်းတဲ့တစ်ခုသောနွေရာသီကို မှတ်မိပါသေးတယ်။သူတို့ကို ကြင်နာတဲ့လူကြီးတွေက ကလေးတစ်ယောက်ချင်းစီအတွက် နေ့တိုင်းရေခဲတစ်အိတ်ပို့ပေးခဲ့တယ်။အေးမြတဲ့ရေခဲအိတ်ကို သူတို့ရဲ့ပါးလေးတွေတင်လိုက်အခါ အတော်လေးကို သက်သောင့်သက်သာရှိလှတယ်။

ကုဟိုင်က အိပ်နေရင်းနှင့် အေးမြတဲ့တစ်စုံတစ်ခုကို သူ့ဗိုက်ပေါ်မှာ ခံစားရလိုက်တယ်။အတိအကျပြောရရင် ဒီအေးမြတဲ့အရာက သူ့ခါးတစ်ဝိုက်မှာဖြစ်ပြီး အပူတွေကို မောင်းထုတ်နေတယ်။အေးမြတဲ့အရာက ရေခဲအိတ်ကဲ့သို့ပင် အေးမြတယ်။အိပ်နေရင်းနှင့် ကုဟိုင်သည် မသိစိတ်နှင့် လှမ်း၍စူးစမ်းကြည့်ပြီး သူ့လက်ချောင်းထိပ်တွေနှင့် အေးခဲနေတဲ့အရာကို လျှင်မြန်စွာထိကြည့်လိုက်တယ်။

ထိရတာ မလုံလောက်ဘူး။ကုဟိုင်က သူထိနေတဲ့အရာက ရေခဲမဟုတ်မှန်း ရိပ်မိပေမဲ့ နိမ့်ပါးတဲ့အပူချိန်က သူ့ကို ဒီအရာကို တကယ်သဘောကျအောင်လုပ်နေတယ်။သူက ထပ်ခါ ထပ်ခါ မထိဘဲမနေနိုင်ဘူး။ဒီလိုမျိုးအကြိမ်ရေများစွာထိပြီးနောက် ကုဟိုင်သည် ၎င်းကို သူ့လက်ထဲမှာကျေနပ်စွာကိုင်ထားတယ်။

Zergဘုရင်လေးOnde as histórias ganham vida. Descobre agora