အခန်း(၅.၂)

192 64 0
                                    

အခန်း(၅.၂)

အဆင့်မြင့်ဇာ့ဂ်တွေရောက်လာတဲ့နေ့မှာ ကုဟိုင်က တာ့ခ်ဇာ့ဂ်တွေနှင့် အတူရှိနေတာဖြစ်တယ်။သူက ထီးတစ်ချောင်းကို ကိုင်ပြီး အရင်က မစူးစမ်းခဲ့ရတဲ့ သစ်တောဘက်ကို စူးစမ်းလေ့လာနေတာဖြစ်တယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ ကုဟိုင်က သူ့စွမ်းရည်ကို အသုံးပြုပြီး လုံလောက်တဲ့ထီးပမာဏကို ဖန်တီးခဲ့ပြီး ဒီတာ့ခ်တွေကို ထီးကို ဘယ်လိုအသုံးပြုရမလဲဆိုတာ သင်ပေးခဲ့တယ်။

"ဒါကို ဒီလိုမျိုး မင်းရဲ့ခေါင်းပေါ်ကို မြှောက်လိုက်..ဒါဆိုရင် မင်းမိုမိတော့မှာမဟုတ်ဘူး"ကုဟိုင်က ထီးတစ်ချောင်းကို နမူနာမြှောက်ပြပြီး တာ့ခ်တွေကို ဖြည်းဖြည်းချင်း ဂရုတစိုက် ထီးကိုမှန်ကန်စွာ အသုံးပြုရမည့်ကိုယ်ဟန်အနေအထားကို ပြသသည်။

နမူနာပြပြီးနောက်မှာ ကုဟိုင်က သူ့လက်ထဲက ထီးကို သူ့ရှေ့က တာ့ခ်ကိုပေးလိုက်ပြီး အခြားတစ်ဖက်ကို မော့ကြည့်လိုက်တယ်။

တာ့ခ်က ၎င်း၏ကြီးမားတဲ့လက်ဖျံနှင့်ညှပ်ပြီး ထီးကို ကိုင်ထားတယ်။ဒေါင်လိုက်မျက်ဆံတွေက ထီးကို ကုဟိုင်၏ခေါင်းအထက်မှာ မမြှောက်ပေးခင် ထီးကိုခဏလောက်ကြည့်နေတယ်။

ကုဟိုင်က ဒီရလဒ်ကို မမျှော်လင့်ထားဘဲ ကူကယ်ရာမဲ့စွာ သူ့ပါးကို ကုတ်မိသည်။သူက တာ့ခ်ရဲ့ဒေါင်လိုက်မျက်ဆံတွေကို ကြည့်ပြီး စိတ်ရှည်စွာ ရှင်းပြလိုက်တယ် "မင်း ဒါကို မင်းရဲ့ခေါင်းအထက်မှာ မထားရမယ်"

ဒါက ပြောရုံနှင့်မလုံလောက်သေးတာကြောင့် ကုဟိုင်က သူ့ခေါင်းပေါ်က ထီးကို သူ့အတွက်ကိုင်ထားပေးတဲ့တာ့ခ်ဘက်ကို တွန်းလိုက်တယ်။

ဒီထီးက မှန်ကန်တဲ့နေရာကို ရောက်သွားတာနှင့် ကုဟိုင်၏မျက်ဝန်းတွေက ကွေးသွားပြီး "ဟုတ်တယ်။ဒါဘဲ"

ဒီဂြိုဟ်မှာ ဖျော်ဖြေပေးတဲ့အရာဘာမှမရှိပေမဲ့ ကုဟိုင်က သူ့ကိုသူ ပျော်ရွှင်စေဖို့ရာ မရပ်တန့်နိုင်ဘူး။နေရာသစ်ကို စူးစမ်းလေ့လာရင်း ကုဟိုင်၏မျက်လုံးထဲမှာ အရာရာက စိတ်ဝင်စားစရာကောင်းလွန်းသည်။

Zergဘုရင်လေးDove le storie prendono vita. Scoprilo ora