၁၀.၃

160 42 0
                                    

အခန်း(၁၀.၃)

ဒီငွေရောင်ကြောင်ကြီးက မာနကြီး လူတစ်ယောက်နှင့်ရင်းနှီးအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သူမသိဘူး။ပထမအနေနှင့် သူက လူတွေကို ဘယ်လိုရစ်ပတ်ရမလဲဆိုတာသာ သိပြီး ပိုပြီးရင်းနှီးလာချင်တယ်။အချိန်အတော်ကြာပြီးနောက် သူက သူ့ခြေသည်းတွေကို ထိတွေ့စေဖို့ ဆန့်ထုတ်ရန်သာ သိတယ်။

ဒီဂြိုဟ်ကိုပေးခဲ့တာက သူ့ခြေသည်းတွေကို ဆန့်ထုတ်လိုက်သကဲ့သို့ပင်။ကုဟိုင်က ဒါကို မငြင်းဆန်နိုင်ဘူးဟု တွေးမိသည်။

အဆင့်မြင့်ဇာ့ဂ်တွေသည် သူတို့ဘုရင်က သူတို့ခေါင်းဆောင်၏အမြီးကို ထိလိုက်ပြီး သူတို့ခေါင်းဆောင်ကလည်း မခုခံရုံသာမက သူ့အမြီးကနေဖယ်ရှားလိုက်တာမျိုးမရှိသလို မျက်မှောင်တောင်မကြုတ်တာကို မြင်လိုက်တဲ့အခါ ရူးသွပ်နေရာကနေ လုံးဝကျောက်ရုပ်အဖြစ်သို့ ပြောင်းလဲသွားတယ်။

ကြည့်ရတာ ငွေရောင်ဆံပင်နှင့်ဇာ့ဂ်သည် သူ့အမြီးကို ထိလိုက်တဲ့အခါ တစ်နည်းနည်းဖြင့်ကျေနပ်နေပုံရတယ်။သူက မလှုပ်မယှက်ရှိနေဆဲဖြစ်တယ်။နောက်တော့ ကုဟိုင်က အမြီးကနေ သူ့လက်ကိုဖယ်လိုက်တဲ့အခါ အဲလ်ဗတ်သည် အေးစက်သည့်အသံနှင့် စကားပြောလိုက်တယ် "စစ်တပ်က ပိုင်တဲ့ဂြိုဟ်အများကြီးရှိတယ်။တကယ်လို့ မင်းသာလိုချင်ရင် ကိုယ် မင်းကိုပေးလို့ရတယ်"

ပြောနေရင်းနှင့် ကြည့်ရတာ အဲလ်ဗတ်သည် တစ်စုံတစ်ခုကို တွေးမိပုံရပြီး ထပ်ပေါင်းပြောလိုက်တယ် "တကယ်လို့အဲဒါက မလုံလောက်သေးဘူးဆိုရင် အခြားမျိုးနွယ်ရဲ့ဂြိုဟ်တွေကို သိမ်းပိုက်နိုင်တယ်"

"မဟုတ်ဘူး..မလိုဘူး..တူဆာက လုံလောက်နေပြီ"ကုဟိုင်သည် တစ်ဖက်လူ၏အတွေးတွေကို တွန်းလှန်ဖို့ရာ အလျင်စလိုပြောလိုက်တယ်။သူက စစ်ပွဲစမှာကို မလိုချင်ဘူး။တကယ်လို့ဖြစ်နိုင်မယ်ဆိုရင် ကုဟိုင်သည် တကယ်ကို မဟာမိတ်မရှိသည့်ဇာ့ဂ်တွေ၏အခြေအနေကို ပြောင်းလဲပစ်ရန် အမှန်တကယ်မျှော်လင့်တယ်။

ယခုလောလောဆယ်တွင် ဇာ့ဂ်နှင့်မဟာမိတ်ပြုလိုတဲ့ မည်သည့်မျိုးနွယ်မှမရှိဘူး။အဓိကက ဇာ့ဂ်မျိုးနွယ်တွေကိုယ်တိုင်က အခြားလူမျိုးများနှင့် သံတမန်ဆက်ဆံရေးမထူထောင်လိုတာကြောင့်ဖြစ်တယ်။သူတို့က အမြဲတမ်း အကြွင်းမဲ့လွတ်လပ်ရေးကို ထိန်းသိမ်းထားတယ်။

Zergဘုရင်လေးWhere stories live. Discover now